Pt 23

273 24 77
                                    

'ဒေါက် ဒေါက် ဒေါက်'

"ကိုကို ထမင်းစားရအောင်"

"ကိုကို"

တံခါးလက်ကိုင်ကိုလှည့်ကြည့်တော့ သော့မခတ်ထားတာမလို့ ခွင့်တောင်းပြီးဝင်လာခဲ့လိုက်သည်

"မောင် ဝင်လာပြီနော်"

သူစဉ်းစားမရပေ ဒီနေ့တနေ့ထဲနဲ့ကို ဘာလို့ထိုအသုံးနှုန်းတေဘယ်နှခါမှန်းရေတွက်မရအောင် သုံးမိနေတာလဲဆိုတာ

Yoongi ရေချိုးနေတုန်း မောင်ခေါ်သံကိုကြားပါသည် ဒါမဲ့မတွေ့ချင်ပါ ထိုစကားလုံးတေကြားပြီးတဲ့အချိန်ကစပြီး သူ့ရင်ဘတ်ကြီးထဲမှာ တော်တော်နာကျင်နေရသည်ဖြစ်သည်

အခန်းထဲဝင်တော့ ရေချိုးခန်းထဲကနေရေကျသံကြားနေရတာမို့ ရေချိုးနေမှန်းသိလိုက်သည်

"ရေချိုးနေတာဆိုမြန်မြန်ချိုး အအေးပတ်မယ် ‌မောင်အပြင်မှာစောင့်နေမယ်"

ထိုစကားကိုလျစ်လျူရှုကာ ရေကိုဘဲစိမ်ချိုးနေမိလိုက်သည် ရေချိုးနေတာတော်တော်ကြာနေပြီဖြစ်တာကြောင့် နှုတ်ခမ်းများကလည်း အပြာဘက်သို့အရောင်းပြောင်းလာပြီဖြစ်သည်

နဂိုဖြူတဲ့အသားက သွေးမရှိတော့သလိုဖြူစုတ်လာသည်

"တခါထဲသေသွားရင်ကောင်းသား"

မျက်လုံးကိုမှိတ်လိုက်ကာ မလှုပ်မရှက်ရေအောက်မှာနေနေလိုက်သည်

"ကြာလိုက်တာ ဖျားတော့မှာဘဲ"

"ကိုကို မပြီးသေးဘူးလား ကြာနေပြီနော်"

"ကိုကို"

ရေကျသံအပြင် ဘာသံမှမကြားရတာကြောင့် စိုးရိမ်မှုအမှတ်မြင့်တတ်လာသည်

"ကိုကို !!! Min Yoongi !!! "

တံခါးကိုဆွဲဖျက်ကာဝင်လိုက်တော့ တွေ့လိုက်ရတဲ့မြင်ကွင်ကား

ရေချိုးခန်းကြမ်းပြင်ပေါ်မှာကွေးကွေးလေးလဲကျနေတဲ့ သူ

"ကိုကို!! ကိုကို သတိထားပါအုံး ကိုကို"

ရေချိုးခန်းထဲကနေမြန်မြန်ခေါ်ထုတ်ကာ ရေတေကိုစင်အောင်သုတ်လိုက်ပြီး အကျီထူထူဝတ်ပေးကာ ဘောင်းဘီကိုလည်းနွေးတဲ့ဟာဝတ်ပေးပြီး စောင်ခြုံပေးကာ ခေါင်းတေကိုရေသုတ်ပေးလိုက်သည် အနည်းငယ်ခြောက်သွားတော့မှ dryer နဲ့မှုတ်ပေးသည်

Lord Of Roses MinWhere stories live. Discover now