အိမ်အပြန်လမ်းတစ်လျှောက် အတွေးဖြန့်လာသည်မှာ အိမ်ပြန်ရောက်သည့်အထိပင်။
Nam Joon hyung ရဲ့အမေးကိုအခုထိ အဖြေရှာမရသေးပင်။ထိုမေးခွန်းသည် သူ့အတွက်တော့ ခက်ခဲလှပါတယ်ဆိုတဲ့ သင်္ချာပုစ္ဆာတေထက်တောင် ပိုခက်သည့်အမေးပုစ္ဆာတစ်ပုဒ်ပင်ဖြစ်သည်။
သူ့ကိုချစ်ခင်စုံမက်ခြင်းမရှိပါဘဲ သူဆုံးပြီဆိုတဲ့သတင်းကြားတုန်းက ဘာလို့အရူးတစ်ယောက်လို စိတ်ဂယောက်ဂယက်ဖြစ်သွားရသနည်း။
"သား ဘာတေတွေးနေတာတုန်း ကားပေါ်ကဆင်းတော့လေ"
"အော်"
ထိုအခါမှသတိပြန်ဝင်လာပြီး ကားကိုဂိုဒေါင်ထဲသို့သွင်းလိုက်ပြီး အခန်းသို့သာသွားလိုက်သည်။ထိုမေးခွန်းကိုအဖြေရှာရအုံးမည်လေ။
အခန်းတံခါးကိုဖွင့်လိုက်တာနဲ့ လူနှစ်ယောက် ကျယ်ကျယ်ပြန့်ပြန့်အိပ်ရတဲ့ king size bed အဖြူရောင်လေးကကြိုဆိုလျှက်။ကုတင်ရဲ့ဘေးနားက စားပွဲခုံလေးပေါ်မှာတင်ထားတဲ့ ပန်းအိုးလေးထဲက နှင်းဆီပန်းနီလေးတေကတော့ ညိုးနွမ်းကာအောက်သို့စိုက်ကျနေလေသည်။
အခန်းပတ်လည်ကို ကြည့်လိုက်တော့ ပြတင်းပေါက်နားလေးတွင် စာကြည့်စားပွဲခုံလေးတစ်ခုနှင့် ဖတ်လက်စစာအုပ်လေးတစ်အုပ်။သူဘာလို့ဒီအခန်းထဲကိုဝင်မိလည်းမသိ စိတ်ထက်ခြေထောက်ကမြန်လေသလားမသိ အတွေးတောင်မဆုံးသေး သူ့အခန်းထဲကိုရောက်နေပြီ။
သေချာကြည့်မိမှ စာအုပ်စင်နားလေးမှာ အဝတ်စအုပ်ထားတဲ့ ပစ္စည်းလေးတစ်ခု။ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ မကိုင်ချင်ပေမဲ့ ခွင့်တောင်းလို့မရနိုင်တော့တာမလို့ ပိုင်ရှင်ကိုတောင်းပန်ပြီးတော့သာ အဝတ်စလေးကိုဖယ်လိုက်တော့ ထွက်လာသည်က ပန်းချီကားလေးတစ်ချပ်။
ရှုပ်ထွေးလှပါတဲ့ပန်းချီကားလေး တစ်ချပ်ပင်။သေသေချာချာကြည့်လေ ပန်းချီကားလေးကအသက်ဝင်လာလေ။နောက်ဆုံးမှာတော့ ထိုပန်းချီကားလေးကို သူပုံဖော်နိုင်လေပြီ။ကစားကွင်းထဲက ထိုင်ခုံလေးတစ်လုံးပေါ်မှာထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ပင်။မျက်နှာအမူအယာကိုတော့ ပုံဖော်ဖို့ရန်ခက်ခဲလှသည်။