Jimin ရဲ့အမေမနက်စောစော ခြံထဲလမ်းလျှောက်နေတုန်း ဒန်းပေါ်တွင်သူ့သားရဲ့ပေါင်ပေါ်ကို ခေါင်းအုံးလိုအုံးကာအိပ်နေတဲ့သမက်ဖြစ်သူရယ် သမက်ရဲ့ရင်ဘတ်ပေါ်ကို လက်တစ်ဖက်တင်ကာ ကျန်လက်တစ်ဖက်က ဒန်းရဲ့ဘောင်တန်းပေါ်ထောင်ကာမေးတင်ပြီးအိပ်နေတဲ့သားကို တွေ့လိုက်တာကြောင့် အခန်းထဲက စောင်တစ်ထည်သွားယူကာ ဒန်းပေါ်ကကလေးနှစ်ယောက်ကိုခြုံပေးလိုက်သည်။
"ဒီကလေးတေတော့ အအေးပတ်ကုန်တော့မှာဘဲ"
ဘယ်လောက်ဘဲ နွေပူတယ်ဘဲဆိုဆို ညလည်လောက်ဆို နှင်းမှုန်နှင်းစက်လေးတေကတော့ အနည်းငယ်ကျတတ်စမြဲ တော်သေးသည်က ဒန်းကိုအကြည်ရောင်အမိုးလေးနဲ့ မိုးအုပ်ထားလို့ပင်။
ဒန်းပေါ်တွင်ဖြစ်တာကြောင့် ခြေထောက်ကိုအနည်းနဲ့အများကွေးထားရတာကြောင့် နိုးလာတဲ့အချိန် ခြေထောက်တေညောင်းကိုက်လို့နေသည်။
Yoongi မျက်လုံးဖွင့်လိုက်တဲ့အချိန် မြင်လိုက်ရသည်က အကြည်ရောင်အမိုးကနေ ဖောက်ထွင်းမြင်နေရတဲ့ ကောင်ကင်ပြာကြီး ဘေးပတ်ပတ်လည်ကိုကြည့်လိုက်တော့ တရုတ်စံကားပန်းပင်ကြီးရယ် အဖြူ၊အနီအရောင်စုံနေတဲ့ နှင်းဆီပန်းပင်တေ
ခေါင်းအောက်ကအနည်းငယ်မာချင်နေသယောင်ယောင် ဖြစ်နေတဲ့နေရာခေါင်းထောင်ကာကြည့်လိုက်တော့ ချစ်ရပါသောမောင်ရဲ့ပေါင်ကိုခေါင်းအုံးထားတာသိရတော့ ခြေထောက်တေများကျဉ်နေမလား ဆိုတဲ့အသိနဲ့ဖြေးဖြေးလေးထလိုက်တော့ ဒန်းကလှုပ်သွားတာကြောင့် မောင်ပါနိုးသွားရသည်။
"နိုးပြီလား"
"အင်း မောင်ခြေထောက်ကလှုပ်လို့ရောရရဲ့လား"
ညလုံးပေါက်ဖိအိပ်ခံထားရတာကြောင့် ခြေထောက်တေက ထုံဆေးထိုးခံထားရသကဲ့သို့ ဘာအထိအတွေ့ကိုမှခံစားမရနိုင်ဘဲ ဖြစ်နေသည်။
"ခနနေသက်သာသွားမှာပါ"
"မောင်... morning kiss ပြွတ်စ်"
"မောင်အရင်ပေးမလို့ကို ကိုကိုကလက်ဦးသွားပြီ"
"အခုပေးလည်းရပါတယ်"
"အနားတိုးခဲ့ပေး"
"အင်း"
နဖူးလေးကို ရှေ့တိုးပေးတာကြောင့် တမြတ်တနိုးနမ်းလိုက်တော့ ခေါင်းလေးကပြန်မော့လာသည်။ပြန်မော့လာတာကိုအခွင့်ကောင်းယူကာ နှုတ်ခမ်းအိအိလေးကိုပါ နမ်းလိုက်သည်။