{Unicode}
"ပြန်ရောက်ပါပြီ"
"ရောက်ပြီလား လမ်းမှာမိုးတေမိခဲ့သေးလား"
"မမိပါဘူး omma"
"ဒါနဲ့ ဒီက"
"အော် ဒါသားသင်တန်းကသူငယ်ချင်းပါ ဟန်ထယ်အင်း တဲ့"
"တွေ့ရတာဝမ်းသာပါတယ်ဗျ"
"အန်တီလည်းဝမ်းသာပါတယ်"
"Omma ဗိုက်ဆာတယ်"
"ဟုတ်သား omma ဟင်းတေခဏသွားနွှေးလိုက်မယ် သားတို့ကဧည့်ခန်းထဲမှာ ထိုင်စောင့်နေလိုက်ကြနော်"
"nae omma"
.
.
.
.
."ထယ်အင်း ခဏနော် အကိုအဝတ်စားသွားလဲလိုက်အုံးမယ်"
"ရပါတယ် သွားလဲပါအကို"
"ဒါဆိုဒီမှာ ခဏထိုင်စောင့်နေနော် မကြာဘူးမြန်မြန်ပြန်လာခဲ့မယ်"
"ရပါတယ် ဖြေးဖြေးလဲခဲ့ပါ"
"ဟီး ^^"
*လူကိုအသေသတ်နေတာလား အကိုရယ်*
ထယ်အင်းလဲပျင်းတာနဲ့ ဟိုကြည့်ဒီကြည့်လုပ်နေရင်း နံရံပေါ်ကမိသားစုဓာတ်ပုံလေးကိုသူအခုမှသတိထားမိတယ်
သူဒီမှာထိုင်နေတာကြာပါပြီ ဒါမဲ့ရှေ့ကအကိုပေါက်စလေးရှိနေတော့ ပတ်ဝန်းကျင်ကိုဂရုမစိုက်မိ
ဓာတ်ပုံထဲမှာ မိသားစု 4ယောက်ကပျော်ရွှင်စွာနဲ့ရယ်မောနေကြတာ အဲ့ထဲမှာမှသူ့ရဲ့အကိုပေါက်စလေးက ပြုံးနေတာများသွားပိစိလေးတေပေါ်နေတဲ့အထိကို ပျော်ရွှင်နေတာ
*ဟမ် အကို့ဆီမှာအကိုရှိတာလား အကိုလည်းငါ့ကိုတစ်ခါမှ မပြောဖူးပါဘူး ပြီးတော့ အကို့ Appa ကိုလည်းမတွေ့ရပါလား*
"သားတို့စားလို့ရပြီ"
"ဟုတ်ကဲ့ အန်တီ"
"ဟမ် သားသူငယ်ချင်းရော"
"အကိုကအဝတ်စားသွားလဲတယ် အန်တီ"
"ဒီကလေးတော့ ဧည့်သည်ကိုတစ်ယောက်ထဲထားရတယ်လို့ အန်တီသွားခေါ်ပေးမယ် ခဏနော်"
"ရပါတယ် အန်တီ ကျနော်ဘဲသွားခေါ်လိုက်ပါ့မယ်"
"အေးအေး အပေါ်ထပ်မှာအခန်း 3ခန်းရှိတယ်အဲ့ထဲက တံခါးအပြာရောင်လေးနဲ့အခန်းကသားသူငယ်ချင်းအခန်းဘဲ"