မနေ့ညကထယ်အင်းနဲ့မသောက်စဖူးသောက်လာတာကြောင့် မနက်နိုးလာတော့ခေါင်းတေကိုက်ကာ အိပ်ယာကနေတောင်မထချင်ဘဲဖြစ်နေလေ၏ သို့သော်မထလို့မဖြစ်ပါ piano သင်တန်းရှိသေးတယ်မလား
သူ့အိပ်မက်ကအောင်မြင်တဲ့ pianist တစ်ယောက်ဖြစ်ချင်သည်မို့ငယ်စဉ်ကတည်းကနေခုချိန်ထိ တစ်ရက်မပျက်သင်ယူနေတာဖြစ်သည်
အိပ်ယာကနေမြန်မြန်ထကာ ရေချိုးသန့်စင်ပြီးအောက်ထပ်ကိုဆင်းကာ သံပုရာတစ်ခွက်လောက်ဖျော်ပြီးသောက်နေစဉ် ဟန်ရှင်းကအပေါ်ထပ်ကနေဆင်းလာတာတွေ့တယ် ဂရုစိုက်စရာမလိုတဲ့အရာမို့ ဖျော်လက်စသံပုရာရည်ကိုသာမော့သောက်လိုက်ပြီး မီးဖိုခန်းထဲကနေလှည့်အထွက်
"အကိုကနေခိုင်းလို့နေတယ်ဆိုပေမဲ့ ကိုယ့်အဆင်ကိုတော့သိဖို့လိုတယ်နော် "
"ဘာကိုပြောချင်တာ"
"အကိုကနင့်ကိုမကွာရှင်းဘူးဆိုတာ ခုလိုကိုယ်ဝန်ဆောင်ချိန်မှာ လိင်စိတ်ကိုဖြေလျော့ဖို့အတွက် နင့်ကိုဒီအိမ်ပေါ်မှာတင်ထားတာ ကလေးမွေးပြီးတာနဲ့ နင်ဒီအိမ်ကနေဆင်းရမဲ့အတူတူဘာလို့ဒီအိမ်မှာဆက်နေနေသေးလဲ ကိုယ့်အသိစိတ်နဲ့ကိုဆင်းလိုက်တာပိုမကောင်းဘူးလား"
"ငါ့ဘာသာငါဆင်းခြင်ဆင်းမယ် မဆင်းခြင်မဆင်းဘူး နင့်အပူတစ်ပြားမှမပါဘူး"
ထိုသို့ပြောကာထွက်သွားဖို့ပြင်အခိုက် ရုတ်တရတ်ကြီးသူ့လက်ကိုဆွဲယူကာ သူ့ပါးကိုရိုက်လိုက်တဲ့ဟန်ရှင်း
ရုတ်တရတ်ကြီးမို့ Yoongi ကြောင်အနေစဉ်အဝေးကနေ ကလေးဆိုတဲ့အော်သံနဲ့အတူ အပြေးရောက်လာတဲ့ Jimin
'ဟက် တော်တော်လည်းဉာဏ်များတဲ့ဖေလ*ုးမ ငါတကယ်လုပ်လိုက်ရ အဖေတချိန်တောင်မရှိဘဲသေသွားအုံးမယ် ဟူးးးး စိတ်လျော့ စိတ်လျော့ အဲ့လိုလုပ်လိုက်ရင် မောင်ကမုန်းသွားလိမ့်မယ်'
"ကလေးအဆင်ပြေရဲ့လား"
"ဟင့် အကိုသူကလေးကိုပါးရိုက်တာ"
'လီး အသံကလည်းရုံးပတီသီးအရည်ညှစ်ထားတာထပ်တောင်ဆိုးနေပြီ ချွဲပြစ်နေတာများအန်ချင်စရာကောင်းတာ အော့'