Pt 42

214 17 4
                                    

"မောင် လွှတ်အုံးလို့ ဘာလို့အဲ့လောက်တောင်အရမ်းဖက်ထားရတာတုန်းကွာ"

"မောင်လွှတ်လိုက်ရင် ကိုကိုကထပ်ပြီးထွက်သွားရင် ဘလိုလုပ်မလဲ"

"ငါထွက်မသွားပါဘူးဆိုကွာ"

"ဟင့်အင်း"

ဟင်းချက်နေတာကို နောက်ကနေခါးကိုဖက်ပြီးတောက်တဲ့လိုကပ်တွယ်နေတဲ့သူကို ခဏလောက်လွှတ်ပေးဖို့ကို ပြောမရပေ။

"ကဲ မောင်ဒီဘက်ကိုလှည့်ပါအုံး"

လှည့်ဆိုတော့ အနောက်ကနေဖက်ရာမှ သူ့ရှေ့သို့ရောက်လာသည်

"ငါ့ကိုကြည့် ငါအတိတ်မေ့နေတာဖြစ်ရင်ဖြစ်မယ် ဒါမဲ့လေဟောဒီငါ့နှလုံးသားလေးက သူ့သခင်ကိုမှတ်မိနေတာသိလား မောင်ကနှင်ထုတ်ရင်တောင် ဒီနှလုံးသားကငါ့ကို မောင့်ရဲ့အဝေးကိုထွက်မသွားဖို့ သူကအမြဲသတိပေးနေတာသိလား မောင်အခုလိုငါ့ကို လွှတ်ထွက်သွားမှာစိုးတဲ့အလား ဖက်တွယ်နေတာကို ငါမြင်နေရတာဒီနှလုံးသားက အရမ်းနာကျင်ရတယ်သိလား"

"မောင် တောင်းပန်ပါတယ်"

"အရူးလေး ဘာလို့တောင်းပန်နေတာ မောင့်အမှားမှမပါတာ"

"ဟင့်အင်း ကိုကို့အပေါ်ကိုမောင်ကလုံးဝခွင့်မလွှတ်နိုင်တဲ့အမှားတေ လုပ်ခဲ့တာ"

"မောင်ကဘလိုအမှားတေဘဲလုပ်လုပ် ငါက‌ေမာင့်ကိုအမြဲ‌ခွင့်လွှတ်ပြီးသားပါ"

"ကိုကို....."

"အင်း ပြောလေ"

"အရမ်းချစ်တယ်"

"အင်း ငါလည်းချစ်တယ်"

"ဟော မောင်ကတောက်တဲ့လေးလားကွာ ဖက်ဘဲနေတော့တာဘဲ"

"ဟုတ်တယ် ကိုကို့တစ်ယောက်ထဲကိုဘဲကပ်တွယ်မဲ့ တောက်တဲ့လေး"

"စကားတေတတ်နေတာ အခုတော့ခဏလွှတ်အုံး ‌မနက်စာပြင်ရအုံးမယ်"

"မလွှတ်ဘူး ဒီတိုင်းပြင်"

"yar Park Jimin အဲ့တာဘာဖြစ်နေတာ ဟင်းချက်နေတဲ့သူကို ဘာလို့ဖက်နေတာ လွှတ်ပေးလိုက်စမ်း"

"မလွှတ်ချင်ပါဘူး"

'ဂွပ်'

"အားး omma နာတယ်"

Lord Of Roses MinWhere stories live. Discover now