"သူဒီထဲမှာ"
"ပစ္စည်းတေရော"
"အဆင်သင့်ဘဲ"
"သူ့ကိုနှိုးလိုက်"
"ဟုတ်"
အခန်းနားလေးမှာထားထားတဲ့ ရေပုံးကိုယူပြီး အိပ်နေတဲ့လူမျက်နှာပေါ်သို့ ပုံးလိုက်လောင်းချတော့ လန့်နိုးလေရဲ့
"နိုးလာပြီလား"
"ဘယ်သူလဲ"
"မင်းသေမင်း"
"ပြောစမ်း မင်းကိုဘသူခိုင်းလိုက်တာ"
"မပြောဘူး"
"မပြောဘူးပေါ့ Z "
စားပွဲပေါ်မှာတင်ထားတဲ့ လက်ဆွဲအိတ်လေးကိုဖွင့်လိုက်တဲ့အချိန် အိတ်ထဲမှာလူသတ်လက်နက်များအပြည့်ကိုမြင်တော့ ထိုလူလန့်သွားလေရဲ့
"လန့်သွားတာလား မလန့်ပါနဲ့ ဒါလေးတေနဲ့ကစားရုံလောက်လေးပါ"
အိတ်ထဲက ပလာယာတစ်ချောင်းကိုယူပြီး ထိုလူနားသွားကာ ရောက်တော့
"လက်သည်းတေမလှတော့ လက်သည်းလှအောင်လုပ်ပေးမယ်လေနော်"
ဘယ်ဘက်လက်ညှိုးကလက်သည်းခွံကို ခုနကယူလာတဲ့ပလာယာနဲ့ ညှပ်ကာဇွပ်ကနဲဆိုပြီးဆွဲနှုတ်လိုက်တော့ ထိုလူရဲ့အသံနက်နက်ကြီးကပေါ်ထွက်လာပြီး ခြံဝင်းတခုလုံးလွှမ်းသွားလေရဲ့
"ကျွတ်တောင်မလာသေးတာကို ဘာတေအဲ့လောက်တောင်အော်နေရတာ"
"တောင်း တောင်းပန်ပါတယ်ဗျာ"
"အာ့ဆိုရင်ဘသူခိုင်းလိုက်တာလဲဆိုတာ ငါ့ကိုပြော"
"ပြောမရလို့ပါ တကယ်တောင်းပန်ပါတယ်"
"ပြောမရဘူးဆိုတာမရှိဘူး အိုကေ"
ပြောနေရင်းနဲ့ပင် ခုနကနှုတ်နေဆဲဖြစ်တဲ့လက်သည်းခွံကို ဆက်ကနဲဆွဲနှုတ်လိုက်တဲ့ Mario
"wow ဒီတခါတော့ပါလာသားဘဲ"
"ပြောရင် ကျနော့်မိသားစုကိုသတ်ပြစ်မယ်လို့ပြောထားလို့ပါ"
"မင်းမိသားစုအတွက်ဆို စိတ်မပူနဲ့ငါကာကွယ်ပေးမယ် ပြောစရာရှိတာပြော"
"တကယ်ပြောတာလားဗျ"
"ငါမလိမ်တတ်ဘူး ခုချက်ချင်းဆိုရင်တောင်ရတယ် အိမ်နံပါတ်ပြော"