Yoongi မောင့်အကြောင်းတေအကုန်စုံစမ်းအပြီးမှာ သိခဲ့ရတာက မောင်ဟာနှင်းဆီပန်းကိုနှစ်သက်တဲ့သူဆိုတဲ့အချက်က သူ့ကိုအံ့ဩသွားစေမိတာပင် ယုံလည်းမယုံကြည်နိုင်ပေ
တစ်ခေါက်က သူစိုက်ထားတဲ့နှင်းဆီပန်းတေကိုဖျက်စီးနေတာသူတွေ့ခဲ့သည်လေ မောင်ကနှင်းဆီပန်းမကြိုက်ဘူးဆိုပြီး ဝယ်လာတဲ့မျိုးစေ့တေအကုန် ဘေးအိမ်ကသူတေကို ဝေမျှပေးလိုက်ပြီး အိမ်မှာနှင်းဆီနဲ့ပတ်သတ်တာမှန်သမျှ လုံးဝမထားတော့ပေ
သူ့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများကိုပင် အကုန်လွှင့်ပြစ်လိုက်သည်
'နှင်းဆီပန်းတေကိုကြိုက်ရက်နဲ့ မောင်ကနှင်းဆီပန်းလေးတေကို အကြင်နာမဲ့စွာဖျက်စီးစေတဲ့အကြောင်းရင်းကဘာများဖြစ်မလဲ
နှင်းဆီကိုကြိုက်တတ်တဲ့ ငါ့ကြောင့်များ မောင်ကဖျက်စီးလေရော့သလား'အတွေးပေါင်းများစွာဟာ ခေါင်းထဲသို့မဖိတ်ခေါ်ပါဘဲ ဝင်ရောက်လို့လာသည်ထိုစဉ်ခြံဝန်းထဲသို့ မောင့်ကားဝင်လာတာ တွေ့တော့အပြေးလေးသွားကြိုမိသည်
' မောင် ငါ့အပေါ်အမြင်ကြည်လာဖို့ ငါဘာမဆိုလုပ်ဖို့အသင့်ဘဲမောင် မောင့်အတွက်လူသတ်ပေးဆိုရင်တောင် မတွန့်ဆုတ်ဘဲငါသွေးအေးအေးနဲ့ သတ်ပေးမှာ '
"ဒီနေ့ပြန်လာတာစောတယ်နော်"
"ခင်ဗျားကဒီမှာဘာလုပ်နေတာ"
"မောင့်ကိုစောင့်နေတာ"
"ဘာပြောစရာရှိလို့"
"ဟန်ရှင်းကသူ့သူငယ်ချင်းတေခေါ်လို့ လိုက်သွားတယ်ဆိုတာ မောင်လာရင်ပြောဖို့မှာသွားလို့ပါ"
"ကျစ် ဒီကလေးတော့ ကိုယ်ဝန်ကြီးနဲ့ကိုလူကိုစိတ်ပူအောင် တအားလုပ်တာဘဲ"
ထိုသို့ပြောကာ ရှေ့ကနေထွက်သွားတဲ့မောင့် အနောက်ကို လက်ဆွဲအိတ်လေးကိုင်ကာ လိုက်လာတဲ့ သူ
အခန်းထဲရောက်တော့
"မောင် ရေချိုးမှာမလား ငါရေစပ်ပေးထားလိုက်မယ်"
"အင်း"
ရေချိုးခန်းထဲမဝင်ခင် သူကြားလိုက်တာက မောင်ကသူ့ရဲ့အိမ်သူသက်ထားလေးကို မတည့်တာတေမစားဖို့ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ အထိုင်အထတေအများကြီးမလုပ်ဖို့ အို မှာနေလိုက်တာများ စုံနေတာဘဲ