🖤Stand By You❤

115 14 47
                                    

🖤 : အစ်ကို့ဘဝရဲ့ အ​မှောင်မိုက်ဆုံးဆိုတဲ့ အချိန်တိုင်းမှာ အလင်းတစ်စအဖြစ် ဖေ​ဖေက အမြဲရှိ​နေမှာပါ။

အဲ့ဒီလိုပဲ ကျွန်​တော်ကလည်း အစ်ကို လိုအပ်တဲ့အချိန်တိုင်း အမြဲအဆင်သင့်ရှိ​နေမှာ~~

🖤❤🖤❤🖤❤

"Congratulations!!!!"

×××တက္ကသိုလ်ဝန်းကြီးထဲတွင် အဆိုပါဂုဏ်ပြုသံတို့သည် အုတ်အုတ်ကျက်ကျက် ထွက်​ပေါ်လာသည်။

❤ ဒီ​နေ့ 12.12.2021 က ကျွန်​တော် ဘွဲ့အစမ်းယူရတဲ့နေ့​။ ​​ချစ်ရတဲ့ မေ​မေနဲ့ ကျန်တဲ့သူငယ်ချင်း​​၊ မိတ်​​ဆွေအ​ပေါင်းအသင်းတွေ အားလုံး ကျွန်​တော့်အနားမှာရှိသည်။ မရှိတဲ့ တစ်ခုတည်း​သောကွက်လပ်ဟာ ​ဖေ​ဖေ။​

​ဖေ​ဖေမရှိ​တော့တာ ကျွန်​တော့်အသက် ၁၄နှစ်။ ၈တန်းပြီးကတည်းက​ပေါ့။ ဖြစ်ချင်​တော့ April 17 ကျွန်​တော့်​မွေး​နေ့နဲ့ အ​ဖေဆုံးတဲ့ရက်ကလည်း ကွက်တိကျသွားခဲ့ရတယ်။ Happy birthday Saintလို့တစ်ခွန်းကြားရတိုင်း ကျွန်​တော်​ပျော်ရဖို့အတွက်ထက် အ​ဖေ့နှစ်ပတ်လည်​​​နေ့ဆိုတာကပဲ ​ခေါင်းထဲစွဲခဲ့ရတယ်​​ပေါ့။

ကျွန်​တော် အမြဲဆု​တောင်းခဲ့တယ်။ အ​ဖေ​ အေးချမ်းပါ​စေ။​ ကောင်းရာသုကတိလား​ပါ​စေ​ပေါ့။

ကျွန်​တော် ဝန်ခံပါတယ်။ ကျွန်​တော်ကြားဖူးချင်မိတယ်။ အ​ဖေ့ဆီက​နေ ထွက်​ပေါ်လာမယ့် ဂုဏ်ယူသံကို​လေ~~

အလုပ်တစ်ဖက်နဲ့ ​ကျောင်းတစ်ဖက်မျှ​အောင်ဆိုပြီး လိုတာထက်ပိုကြိုးစားခဲ့ရတဲ့ နှစ်​တွေ။ စိတ်​ရောလူပါ ပင်ပန်းခဲ့ရတဲ့ နှစ်​တွေက ဒီနှစ်​ကာလတွေ​ပေါ့ဗျာ။

အမှတ်တရဓါတ်ပုံ​တွေကို တတ်နိုင်သ​လောက်ရိုက်​ပေးခဲ့ပြီး ဘွဲ့ကြိုအခမ်းအနားပြီးဆုံးတာနဲ့ အိမ်ကိုပဲတန်းပြန်လာခဲ့လိုက်သည်။

အိမ်ကိုပြန်တဲ့လမ်းမှာ​တော့ ကားပြတင်းက​နေတဆင့် လှမ်းမြင်​နေရတဲ့​ မှိုင်းညို့ညို့ကောင်းကင်ကြီးကို ကျွန်​တော် ဘာရယ်မဟုတ် စိတ်လွတ်စွာ ​ငေး​မော​နေမိသည်။

ကျွန်​တော် ချစ်ရတဲ့ တစ်​ယောက်​သောသူကလည်း အလုပ်တစ်ဖက်နဲ့ မအား​တော့ ကျွန်​တော့်ဘွဲ့အခမ်းအနားကို မလာ​ပေးနိုင်ဘူးတဲ့​လေ။

🖤 ❤PS One Shot Collections & PoemsWhere stories live. Discover now