2023ခုနှစ် ၊ 1လပိုင်း ၊ 2ရက် ၊ တနင်္လာနေ့ ၊ မနက် 8နာရီခွဲအချိန်။
❤🏡 မနက်စာစားသောက်ပြီးတော့ ခြံထဲက အပင်ကြီးအောက်မှာရှိတဲ့ ခုံတန်းကလေးမှာ ခဏထွက်ထိုင်ရင်း ညီ့ဆီကို မောနင်းမက်ဆေ့လှမ်းပို့ရပြီ။
❤📲 : အိပ်ပုတ်လေး~~ မောနင်း~~~~
မနေ့,နေ့လည်နဲ့ ညဘက်တုန်းက ကျွန်တော်နဲ့ မေမေတင်ထားတဲ့ Igsတွေကနေတဆင့် ကျွန်တော်တို့ ဘုရားဖူးဆက်ထွက်ကြတာတွေရယ် ၊ ညဘက်ကျ မိသားစုမိတ်စုံစားပွဲလိုလုပ်ဖြစ်လိုက်တာနဲ့ ညစာစားပွဲကပုံကလေးတွေကို ညီ့တွေ့ပြီးလောက်ပြီ ထင်ပါတယ်။
အဲ့တော့ ညီ့ဆီကို ပုံအသစ်ပို့ပေးဖို့လို့ကလည်း အခုကျွန်တော့်ဖုန်းထဲမှာ ညီ့ဆီမပို့ပေးရသေးတဲ့ ပုံရယ်လို့ တစ်ပုံမှကိုမရှိတော့တာနဲ့ ကျွန်တော်လည်း ပုံအသစ်ရိုက်ပေးဖို့လို့သာ ပြင်ရတော့သည်။
Ig appမှာပါတဲ့ ကင်မရာထဲက Effect တွေကို တစ်ခုပြီးတစ်ခုပြောင်းကြည့် ၊ ချိန်ကြည့်ရင်း နှုတ်ခမ်းကို မူရင်းနှုတ်ခမ်းအရောင်ထက် ရဲရဲကလေးပိုဖြစ်သွားစေတဲ့ Effectတစ်ခုနဲ့ပဲ Sefile တစ်ပုံရိုက်ယူလိုက်ရင်း ပို့ပေးထားလိုက်ရပြီ။
❤📲 : ညီ့~ ခဏနေလောက် မေမေတို့နဲ့ ဘုရားဖူးဖို့ကျန်တဲ့နေရာလေးတွေကို သွားဖူးကြဦးမှာ သိလား? အစ်ကိုပြန်ရောက်ရင် စာပို့ထားမယ်နော်~
ကောင်းမှုကုသိုလ်လုပ်တဲ့အချိန်တိုင်း ညီနဲ့အတူ ရှိနေရရင် ကောင်းမယ်ဗျာ~~~
🖤🏙 ညဘက်က ခါတိုင်းအိပ်တဲ့အချိန်ထက် နည်းနည်းစောပြီး အိပ်ရာဝင်လိုက်တာကြောင့် မြို့ပြရဲ့နံနက်ခင်း ဆူညံသံတွေနဲ့အတူ ခါတိုင်းအိပ်ရာထတဲ့အချိန်ထက် စောပြီးတော့နှိုးလာရသည်။
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Kısa HikayePerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.