At 2018 December 31🗓
အရုပ်ဆိုင်ကြီးတစ်ခု အတွင်းမှ ပျံ့လွင့်နေသော စကားဝိုင်းလေးတစ်ခု.....
🧓: လူကလေး နှစ်သစ်ကူး လက်ဆောင်ပေးဖို့အတွက် လိုက်ကြည့်နေတာလား?
❤ : အာ အဖိုး မဟုတ်ပါဘူး ကျွန်တော်ကဒီတိုင်း ဒီလို လက်မှုပစ္စည်းလေးတွေနဲ့ အရုပ်လေးတွေဆို သဘောကျတတ်လို့လာကြည့်နေတာပါ.....
🧓 : အေးကွယ် ခုလိုလက်မှုပညာတွေကိုတန်ဖိုးထားတတ်တဲ့ လူငယ်လေးတွေကို မြင်ရတာ အဖိုး ဘယ်လိုပျော်မှန်းမသိဘူး....
ကဲကဲ ခုအဖိုး ဒီကလူလေးကို ခင်လို့ လက်ဆောင်လေးတစ်ခုပေးမယ် လာအံကန့်လေးထဲက ချိုးဖြူငှက်ရုပ်လေး၂ကောင်ကိုကျွန်တော့်လက်ထဲလာထည့်တယ်လေ....
❤ : အဖိုး... ဒါလေးက?
🧓 : သူ့အဓိပ္ပါယ်လေးက လေးနက်တယ်လူလေးရဲ့ ... လူလေးဆီမှာ၁ခုသိမ်းထား
ကျန်တဲ့၁ခုကို လူလေးဘဝမှာ မြတ်နိုးတန်ဖိုးထားရတဲ့သူတစ်ယောက်ကိုတွေ့တဲ့အခါကျ ပေးလိုက်လေ
ဒီအရုပ်လေး၂ခုအတွင်း ဖြစ်တည်တဲ့ နှောင်ကြိုးလေးက ထာဝရမြဲနေမှာ....❤ : ကျေးဇူးတင်ပါတယ်နော် အဖိုး ကျွန်တော်သေချာသိမ်းထားပါ့မယ်....
Happy New year နော် အဖိုး ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေနော်🧓 : အေးကွယ် Happy New Year ပျော်ရွှင်စရာနှစ်သစ်လေး ဖြစ်ပါစေ လူလေးရေ...
ကျွန်တော်လည်း ဆိုင်ရှင်အဖိုးပြောပြတဲ့ အဓိပ္ပါယ်လေးကို တွေးရင်း ထိုအရုပ်လေးအား သိမ်းထားမိလိုက်တော့သည်.......
🖤 ❤
အေးချမ်းလှသော Church⛪ ကျောင်းဝန်းလေး တစ်နေရာမှ ချိုမြိန်စွာပျံ့လွန့်နေတဲ့ဂီတာသံစဥ်လေးနဲ့အတူ🖤ထွက်ပေါ်နေသော ကလေးတွေရဲ့ သီချင်းဆိုသံလေးတွေ.....
ထိုမြင်ကွင်းလေးအား ငေးကြည့်နေသော ဖြူလွှလွှကောင်လေးတစ်ယောက်❤
ကိုယ့်အနားကို Sister Mary လာခေါ်မှ ပြန်သတိဝင်လိုက်ရင်း ဝတ်ပြုဆုတောင်းရာနေရာသို့ လှမ်းသွားမိတော့သည်....
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Short StoryPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.