Unicode >> 🖤You Raise Me Up❤(E)

83 6 54
                                    

🖤🌃 ​အစ်ကိုက Tent(ရွက်ဖျင်တဲ)ထဲက​နေ ပြန်မထွက်​သေးဘဲ ရွက်ဖျင်တဲကအစ​ကလေးတစ်စကို လက်​ချောင်း​လေး​​တွေနဲ့ အသာဟထားကာ ကောင်းကင်က ကြယ်တံခွန်တစ်ချို့ကို လှမ်း​ငေးကြည့်​နေသည်။

🖤🌃 ​အစ်ကိုက Tent(ရွက်ဖျင်တဲ)ထဲက​နေ ပြန်မထွက်​သေးဘဲ ရွက်ဖျင်တဲကအစ​ကလေးတစ်စကို လက်​ချောင်း​လေး​​တွေနဲ့ အသာဟထားကာ ကောင်းကင်က ကြယ်တံခွန်တစ်ချို့ကို လှမ်း​ငေးကြည့်​နေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ချစ်ရတဲ့ အစ်ကိုက​လေ~~~ တကယ် က​လေး​လေးကျ​နေတာပဲဗျာ~~~

ကျွန်​တော့်အ​နေနဲ့ အဲ့ဒီ အစ်ကိုသ​ဘောကျတဲ့  ​ကောင်းကင်ယံက ကြယ်တံခွန်​တွေကို အမိအရ လှမ်းယူပြီး ဆွတ်ခူးပေးလို့ မတတ်နိုင်ပေမယ့် အစ်ကို့အပြုံး​တွေကို​ သံစဥ်​တွေနဲ့ ​ဖြစ်တည်လာ​အောင်လို့​တော့ ကျွန်​တော်စွမ်း​ဆောင်​ပေးနိုင်ပါတယ်။

စစ်မှန်တဲ့ အနုပညာရဲ့ အဓိပ္ပါယ်ဟာ ​လေးနက်လွန်းတယ်လို့ လူ​တွေက​ ပြောကြတယ်။ ကျွန်​တော့်အတွက်​ကတော့ အစ်ကိုကသာလျှင် အ​လေးနက်ဆုံး​သော အနုပညာတစ်ရပ်ပါပဲ။

ကျွန်​တော်က အစ်ကို့ ကို ချစ်​ပေးဖို့အတွက် စရှင်သန်လာခဲ့ရတာဖြစ်သလို ​ပျော်ရွှင်မှု​တွေ အပြည့်ပါဝင်တဲ့ အစ်ကို့အပြုံး​လှလှ​လေးတွေ အမြဲဖြစ်တည်​နေဖို့လို့အတွက် ကျွန်​တော်ကပဲ ဖန်တီး​​ပေးနိုင်ရမယ်​ မဟုတ်လားလေ။

အဲ့ဒီအတွက် ကျွန်​တော် ဆက်လက်ရှင်​နေရတာလို့ ပဲ ကျွန်​တော့်အ​နေနဲ့ လက်ခံထားပါတယ်။

အစ်ကို့ နှလုံးသားထဲက​နေ ထွက်​ပေါ်လာတဲ့ ​​ပျော်ရွှင်​​မှု​မျိုးတွေနဲ့ပဲ အစဥ်သဖြင့်ပျော်​ရွှင်နေ​ပေးပါ အစ်ကို​ရေ~~~

အ​တွေး​တွေကိုရပ်တန့်လိုက်ရင်း ရင်ထဲက ချစ်ခြင်းတရား​တွေကို အစ်ကိုသိ​နိုင်ဖို့ရာအတွက် ကျွန်​တော့်​ဘေးနားမှာချထားတဲ့ ဂစ်တာကို ရင်ခွင်ထဲ ပြန်​ကောက်ထည့်ထားကာ ခပ်လှမ်းလှမ်းမှာ မြင်​နေရတဲ့ ကျွန်​တော့်ဖုန်းကို အသာလှမ်းယူလိုက်သည်။

🖤 ❤PS One Shot Collections & PoemsWhere stories live. Discover now