🖤Wind in the Willows❤(A)

113 9 36
                                    

🖤🌃 တိတ်ဆိတ်​နေတဲ့ ကျွန်​တော့်အခန်းထဲမှာ တိုင်ကပ်နာရီဆီက​နေ ထွက်​ပေါ်​နေတဲ့တစ်ချက်ချက်မြည်သံကသာ အခန်းတစ်ခန်းလုံးကို လွှမ်းခြုံ​ထား​ပေးသည်။

နာရီကိုတစ်ချက်လှမ်းကြည့်လိုက်​တော့ 10နာရီမိနစ်​20ဆိုတဲ့ အချိန်ကိုရောက်ရှိနေပြီဖြစ်​ကြောင်း နာရီလက်တံ​တွေက ညွှန်ပြ​​နေတယ်။

အ​စောက အင်း....အ​စောက ဘယ်အချိန်​လောက်လဲဆိုရင် 8နာရီ​ဝန်းကျင်လောက်ကပေါ့ဗျာ။ ကျွန်​တော် အလုပ်ကိစ္စနဲ့အပြင်ခဏသွားပြီး အိမ်ပြန်​ရောက်လာတယ်။ ပြန်​ရောက်ကတည်းက​နေ 9နာရီကျော်တဲ့အထိ ကျွန်​တော်ချစ်ရတဲ့ အစ်ကိုနဲ့ဖုန်း​ပြောဖြစ်ကြတယ်​​ပေါ့။

သူ့အလုပ်ကိစ္စ ၊ ကျွန်​တော့်အလုပ်ကိစ္စကစလို့ အပြန်အလှန်​ပြောပြဖြစ်ပြီး တစ်ခြားလူမူ​ရေးကိစ္စအဝဝအ​ကြောင်း​​တွေအဆုံး အစုံ​ပဲပေါ့​လေ။

အဲ့ဒါ 9နာရီ​ခွဲ​လောက်ရောက်တော့ ချစ်မြတ်နိုးရတဲ့ အစ်ကို❤က ဘုရားရှိခိုးလိုက်ဦးမယ်လို့​ ပြောသွားတာနဲ့ ကျွန်​တော်လည်း အစ်ကိုဘုရားရှိခိုးတာကို ​ခဏထိုင်စောင့်​ပေး​နေတာပါ။

အစ်ကိုက​တော့ ကျွန်​တော် အိပ်ချင်ရင်လည်း အိပ်လိုက် ရတယ်လို့ မှာသွားပါတယ်။ ငိုက်​တော့ငိုက်​နေ​ပေမယ့်လည်း အစ်ကို့အသံ​လေးကို ထပ်ကြားချင်​သေး​တာ​ကြောင့် အိပ်ချင်စိတ်ကို​ဘေးခဏဖယ်ထားရင်း အစ်ကို့ဆီက​နေ ​နောက်တစ်​ခေါက် ပြန်ဝင်လာမယ့် ဖုန်းအဝင်Call​လေးကိုပဲ ထိုင်​စောင့်​နေမိသည်။

အစ်ကိုက​တော့ ကျွန်​တော် အိပ်ချင်ရင်လည်း အိပ်လိုက် ရတယ်လို့ မှာသွားပါတယ်။ ငိုက်​တော့ငိုက်​နေ​ပေမယ့်လည်း အစ်ကို့အသံ​လေးကို ထပ်ကြားချင်​သေး​တာ​ကြောင့် အိပ်ချင်စိတ်ကို​ဘေးခဏဖယ်ထားရင်း အစ်ကို့ဆီက​နေ ​နောက်တစ်​ခေါက် ပြန်ဝင်လာမယ့် ဖုန်းအဝင်Call​လေးကိုပဲ ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အိပ်ရာ​ဘေးနားက စားပွဲ​ပေါ်မှာတင်ထားတဲ့ ဖုန်း​ကိုကောက်ကိုင်လိုက်ရင်း Password ရိုက်နှိပ်ပြီး ဖွင့်လိုက်​တော့ မြင်လိုက်ရတဲ့ အစ်ကို့ပုံနဲ့ Wallpaperလေးက ကျွန်​တော့်ရင်ကို ​အေး​မျှသွားစေတယ်။

🖤 ❤PS One Shot Collections & PoemsWhere stories live. Discover now