🏙2024ခုနှစ် ၊ 7လပိုင်း ၊ 11ရက် ၊ ကြာသပတေးနေ့ ၊ မနက် 7နာရီအချိန်။
❤🏙 ညတုန်းက မနက်စာ အတူတူသွားစားမယ်ဆိုပြီး ညီ,ပြောထားတာကြောင့် မနက်အစောထပြီး ရေမိုးချိုး ၊ ဖီးလိမ်းပြင်ဆင်ပြီးတာနဲ့ ဘုရားရှိခိုးကာ P'Chenအလစ် ခြံထဲကနေ အမြန်ခိုးထွက်ခဲ့လိုက်ရပြီ။
လမ်းထဲ ညီ ရပ်စောင့်နေကျနေရာကို တစ်ချက်လှမ်းကြည့်လိုက်တော့ ညီ့ ပြိုင်ကားအသစ်လေးကို လှမ်းမြင်ရသည်။ ညီ့ဆီကို ခပ်သွက်သွက်ပြေးသွားလိုက်တော့ ညီက ကားထဲကနေ အပြေးထွက်လာပြီးတော့ ကြိုတယ်။
အပြေးလာဖက်တဲ့ ညီ့ကို အလိုက်သင့်ပြန်ဖက်ထားရင်း မနက်စာကို ဘယ်ဆိုင်သွားစားကြမှာလဲ မေးရပြီ။
❤ : ညီ့~ ဘာ သွားစားကြမှာလဲ??
🖤 : မောင်~က အချစ်~နဲ့ဆိုရင် ဘယ်ဆိုင်ဖြစ်ဖြစ်ရတယ်~~
❤ : အမ်းးး အာ့ဆိုရင် ဒီ ×××လမ်းနားက ကွေ့တီယိုဆိုင်ရော??
🖤 : အချစ်~သဘော~
"အောင်မလေး အမောင် Saintsup! တူပါတယ်ဆိုပြီး ငါက လှမ်းကြည့်နေတာ! မင်း ငါ့အလစ်ကို ရအောင် ထွက်သွားတယ်ပေါ့! စောစောစီးစီး အဲ့ဒါက ဘယ်တုန်း?"
၂ယောက်သား တအံ့တသြနဲ့ နောက်ပြန်လှည့်ကြည့်လိုက်တော့ P'Chenတယောက် တံမြက်စည်းကြမ်းကြီးကိုင်ထားရက်သားနဲ့ လှမ်းမေးနေတာ ဖြစ်နေသည်။
❤ : အဲ P'Chen~ ဟို....သားတို့ မနက်စာသွားစားကြမလို့....
"အင်း....ညကပဲ သူ့အလုပ်က ကြေညာချက်ကို မင်း မြင်တယ်မလား?? ပြသနာမရှာချင်ပါနဲ့ Saintရာ...လာ...."
🖤🏙 အစ်ကိုက P'Chenအမေးကို ဘာမှ မတုံ့ပြန်ပဲ P'chenဆွဲခေါ်ရာဆီပါသွားမလိုဖြစ်နေတော့ ကျွန်တော့်မှာ အစ်ကို့လက်တစ်ဖက်ကို အမြန်ပြန်ဆွဲထားရင်း.....
🖤 : ဟ! ခဏနေပါဦး P'... ဒါ ကျွန်တော်တို့ကိစ္စပါ....နောက် အလုပ်နဲ့ Personalကိုလည်း ကျွန်တော်တို့ သေချာခွဲထားကြပါတယ်။
အခုအချိန်က ကျွန်တော်တို့ အလုပ်ချိန် မရောက်နေသေးဘူး ထင်တာပဲ!
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Storie breviPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.