ဆည်းဆာချိန်ရဲ့ အလှတရား၌ ရနံ့မျိုးစုံဖြင့် သင်းပျံ့နေသော ပန်းပင်လယ်ကြီးတွင် ပြေးလွှားနေကြတဲ့ ပုံရိပ်လေး၂ခု..........
🖤 🖤 🖤
ပန်းတွေကြားထဲမှ ဖြတ်လမ်းကနေ အမိအရ ပြေးဖမ်းကာ ပွေ့ချီ မြောက်ရမ်းလိုက်တော့ ထွက်ကျလာတဲ့ ဂီတသံစဥ်သဖွယ် သူ့ရယ်သံလေး ချိုချိုလေးတွေ....
🖤 : ပျော်လား ကလေး....
❤ : KHARP...... Love you na~
Kharpနောက်တွင် တွဲပြောလိုက်သော တိုးဖွဖွအသံလေးကို ကျွန်တော်နားနဲ့သဲ့သဲ့မျှကြားလိုက်သော်လည်း စချင်စိတ်ဖြင့်...
🖤 : ကလေး ဘာပြောလိုက်တာလဲ ကိုကိုမကြားလိုက်ဘူး
❤ : အာ ဘာမှမပြောဘူး... ပျော်လားဆို ပျော်တယ်လို့ပြောတာ...
🖤 : ဟင် ကို့ကလေး ထုတ်လိုက်တဲ့ dictionaryလား
❤ : ဟာဗျာ ဘာတွေပြောနေတာတုန်း ခင်ဗျားရဲ့
🖤 : ကလေးပဲပြောတာလေ Love you က ပျော်တယ်လို့ ပြောတာလားလို့
❤ : မသိဘူးဗျာ ကြားတာကို ထပ်မေးနေတာကို
🖤 : ချစ်လို့ပေါ့ ကလေးရဲ့ ကိုကိုကြားချင်တာ အပြစ်လားပြောပါဦး ဟင်...
မျက်နှာငယ်နဲ့ သူ့ပုခုံးပေါ် မှီရင်း ချွဲနွဲ့ပြောတော့ သူ့မျက်နှာလေး ပတ္တမြားသွေးရောင်ထပြီလေ...❤ : ကော်ဖီခဲကြီးဆီက ထွက်တဲ့ အသံတွေလိုမပြောရဘူး အတော်ချိုတယ်ဗျာ...ခင်ဗျားကြီး အားနေခုလိုပဲ...ချွဲ....သိလား....
ကျွန်တော်နှလုံးသားကလည်း နဂိုတည်းကမှ ခင်ဗျားချစ်ခြင်းတရားတွေထဲ ပျော်ဝင်ပြီးသားပါဗျ...သူ့နှလုံးသားလေးရှိရာကို ဖော့ဖယောင်းသွယ် လက်ချောင်းလေးတွေနဲ့ ညွှန်ရင်း ပြောနေလိုက်တာများ ကျွန်တော့ကလေးကလေ အော်ပရာတင်ဆက်သူကြနေတာ အဟုတ်... စိတ်မထိန်းနိုင်တော့တဲ့အဆုံး ရင်ခွင်ထဲဆတ်ခနဲ ဆွဲပွေ့လိုက်ရင်း....
🖤 : အား.....ချစ်တယ်ကွာ ဒီနှုတ်ခမ်းဖူးလေးကနေ ပေါက်ပေါက်ဖောက်နေလည်းချစ်တယ်... စိတ်ကောက်တဲ့အခါ နှင်းဆီဖူးလေးလို ဆူထားလည်း ချစ်တယ်.....
![](https://img.wattpad.com/cover/206856691-288-k82049.jpg)
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Short StoryPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.