(A/N ရေးရင်းနဲ့ ကျွန်တော့်ဖာသာ ဒီအပိုင်းထဲက sceneတစ်ချို့က ကျွန်တော်ရေးခဲ့သမျှ Love sceneတွေထဲမှာ Adult Scene အများဆုံးပါဝင်နေတယ်လို့ ခံစားမိလို့ 🚨ပေးထားတာပါ။
အသုံးအနှုန်းတွေ မရိုင်းအောင်လို့ အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးပေးထားပါတယ်။ ရေးရတာ မျက်နှာမပူဘူးလား? မေးရင်တော့ Noteထဲဝင်ရေးဖို့ပြင်တိုင်း ဆောင်းတွင်းကြီးကို မျက်နှာ 18ခေါက်လောက်ပြေးပြေးသစ်ရင်း ရေးပေးထားရတဲ့အထိပါလို့။ ကျွန်တော့် စိတ်ဆန္ဒအရဆိုရင်တော့ ဒီအပိုင်းကို အသက်18နှစ်ပြည့်ပြီးသူတွေမှပဲ ဖတ်စေချင်ပါတယ်။)
🖤🏡🌠 "ဝိုင်ကို မရွေးစေချင်ရင် မောင့်~ ကို နမ်း~"လို့ ကျွန်တော်က ပြောလိုက်တော့ အစ်ကို့မျက်လုံး ကြည်ကြည်ဝိုင်းဝိုင်းလေးတစ်စုံက လက်ခနဲဖြစ်သွားရင်း ဖော့ဖယောင်းသွယ် ကျော့ရှင်းလှပလွန်းသည့် အစ်ကို့လက်ချောင်းကလေးတွေက ကျွန်တော့်ပခုံးသားစိုင်တွေကို ဆတ်ခနဲ ဖိဆုပ်ကိုင်လာကြသည်။
မျက်လွှာလေးအသာချပြီး နှုတ်ခမ်းဖူးဖူးရဲရဲလေး အနည်းငယ်ပွင့်ဟရက်ကလေးနဲ့ ကျွန်တော့်မျက်နှာနားကို တဖြည်းဖြည်းချင်း တိုးကပ်လာရာ ကျွန်တော့်ရင်ခုန်သံတွေကလည်း ထိန်းချုပ်လို့ကို မရတော့။
ခေါင်းမော့ထားရင်း မျက်လုံးတွေကို အသာမှိတ်ချထားကာ အစ်ကို့ဆီက အနမ်းချိုတွေကို လက်ခံဖို့ အသင့်အနေအထားပြင်ထားလိုက်တော့မှ အစ်ကို့နှုတ်ခမ်းဖူးလေးက အကြင်နာတွေဖြန့်ကျက်ဖို့ လမ်းချော်သွားဟန်တူသည်။
အစ်ကို့နှုတ်ခမ်းဖူးလေးက ကျွန်တော့်နှုတ်ခမ်းပေါ်ကိုရောက်ရှိမလာဘဲ ကျွန်တော့်နှာခေါင်းထိပ်ပေါ်တင် ရောက်ရှိလာတယ်ဆိုတာကို သိလိုက်တာနဲ့ ကျွန်တော်လည်း မျက်လုံးတွေကို အမြန်ဖွင့်ကြည့်လိုက်မိသည်။
ချယ်ရီပန်းပွင့်အရောင်ကလေး ယှက်သမ်းပြေးနေတဲ့ အစ်ကို့မျက်နှာဖွေးဥဥကလေးကို အခုလိုအနီးကပ်မြင်တွေ့ရတဲ့ အခိုက်အတံ့တိုင်း ကျွန်တော့်ကမ္ဘာမှာ လည်ပတ်နေတဲ့ အချိန်စက်ဝန်းတွေ အကုန်ရပ်တန့်သွားရသလိုပါပဲ။
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Short StoryPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.