(A/N ဒီ ❤Love you all my heart🖤 One shotထဲမှာ ကျွန်တော်ထည့်သွင်းရေးသားထားသည့် တစ်ချို့သောအကြောင်းအရာများသည် PerthSaint Real lifeကို အခြေခံထားတာ မှန်သော်လည်း လက်တွေ့မှာ တကယ်ဖြစ်ပျက်ခဲ့သည်ဟု မဆိုလိုပါ။
သို့ဖြစ်ပါ၍ ဒီOne Shotထဲတွင် ထည့်သွင်းရေးသားထားသော ဇာတ်လမ်းဇာတ်ကွက်များသည် ကျွန်တော့် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာလျှင်ဖြစ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ TG Familyကြီးထဲက Tgတွေလည်း ဒီOSလေးဖတ်ပြီးတဲ့အခါ ရသတစ်ခုခု ခံစားရရှိတယ်ဆိုရင်ကို ကျွန်တော့်အနေနဲ့ ဖန်တီးပေးရကျိုးနပ်ပါတယ်ဗျာ။
ကျွန်တော်အချိန်ပေးခံစားပြီးတော့ ရေးသားပေးထားတာလေးကို အချိန်ပေးခံစားပြီး ဖတ်ရှုပေးကြတဲ့ စာဖတ်သူတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်က ကျေးဇူးအထူးတင်ရှိပါတယ်။)
2024ခုနှစ် ၊ 6လပိုင်း ၊ 1ရက် ၊ စနေနေ့ ၊ ည10နာရီခွဲအချိန် ၊ ဘန်ကောက်မြို့။
❤🌃 Overseaကနေ Bkkကို ပြန်ရောက်နေပေမယ့် ဟို ငဆိုးကောင်လေးဆီကို ကျွန်တော်မသွားဖြစ်သေးဘူးဗျ။ ဟုတ်တယ် ငဆိုးကောင်! Overseaသွားရခါနီးတောင် လူကို နှုတ်ခမ်းမွှေးခေါ်ရိတ် ခိုင်းချင်နေတာ!
အသက်၁၈နှစ်ကျော်ပြီးကတည်းက အရွယ်ရောက်တဲ့ လူကြီးတစ်ယောက်အဖြစ် စတင်ပြောင်းလဲပြီဖြစ်လို့ အဲ့ဒီ နှုတ်ခမ်းမွှေးရိတ်နည်း ၊ မှုတ်ဆိတ်မွှေးရိတ်နည်း အကုန်ပြောပြ သင်ပေးထားတဲ့ဟာကို နှုတ်ခမ်းမွှေး ၊ မှုတ်ဆိတ်မွှေးရှည်လာရင် ကိုယ့်ဖာသာပဲ ရိတ်လိုက်တော့လေဗျာ။ ဟုတ်တယ်မလား?
အဲ့ဒီလို တစ်ကိုယ်ရည်တကာရ ကိစ္စတွေကအစ အမြဲတမ်း ကျွန်တော့်ကို အားကိုးချင်နေလို့မှ မရနေတာ။ အဲ့ဒီလို ကျွန်တော်က ပြောပြန်ရင်လည်း ဂရုစိုက်တာ လက်လွန်ထားမိတဲ့ ကိုယ့်ကိုကိုယ်ပဲ ပြန်အပြစ်တင်ရတာပါပဲ!
ကိုယ်က အဲ့ဒီ ငဆိုးလေးကို ရေတောင် ပိုက်နဲ့ခွံ့တိုက်ပေးခဲ့တဲ့အထိ ဂရုစိုက်ပေးခဲ့တာဆိုတော့လည်း သူအခုလိုဂျီကျပြီး ဆိုးနေတာက သူ့အပြစ်ချည်းတော့လည်း မဟုတ်နေဘူးပေါ့ဗျာ။
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Historia CortaPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.