ခံစားချက်တွေ ရောင်းတဲ့ဆိုင်
ဟယ်လို~~ နေကောင်းကြရဲ့လားဗျ။ ကျွန်တော်က Binပါ။ အင်း အပြည့်အစုံဆိုရင်တော့ Robin ပေါ့။အဲ့နာမည်ကို ကျွန်တော် သခင်ချောကလေးက ပေးထားတာ။
ဟုတ်တယ်ဗျ။ ကျွန်တော်က ခွေးတစ်ကောင်။ အဲဟုတ်တယ် ကျွန်တော်က ခင်ဗျားတို့လိုပဲ စကားပြောတတ်တယ်။ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ပေါ့။
ဒီပွဲစျေးတန်းကြီးက ကျွန်တော့်ရဲ့အိမ်ပဲ။ဘာလို့ဆို ကျွန်တော်ငယ်ငယ်ကတည်းက ဒီမှာကြီးလာလို့။ကျွန်တော်နဲ့ အမျိုးတူခွေးတွေ တခြားနေရာမှာ ကြီးရင်ကြီးကြမှာပေါ့။ ကျွန်တော်ကတော့ ကျွန်တော်သိတတ်စအရွယ်က ဒီစျေးကြီးမှာ ကြီးပြင်းလာခဲ့တာကြောင့် ဒီစျေးကြီးက ကျွန်တော်နေထိုင်ရာ အိမ်ပဲ။
စျေးကြီးက ကျွန်တော့်အိမ်ဆိုပေမယ့် ဒီစျေးကြီးကို ကျွန်တော်မပိုင်ပါဘူး။ ဘယ်သူပိုင်သလဲလည်း ကျွန်တော်မသိဘူး။ ဒီစျေးကြီးကို ကျွန်တော်မပိုင်ဘူး။ ဒါပေမယ့် ဒီစျေးကြီးထဲမှာ ကြီးပြင်းခဲ့ရလို့ ဒီစျေးကြီးရဲ့ တစိတ်တပိုင်းက ကျွန်တော်နဲ့ သက်ဆိုင်တယ်ပေါ့။
ပြီးတော့ ကျွန်တော်သိတာထပ်ရှိသေးတယ်။ ကျွန်တော် အပူအပင်မရှိ အိပ်လို့ရတဲ့နေရာက ကျွန်တော်ပိုင်တယ်ဆိုတာပဲ။
ကျွန်တော်အိပ်တဲ့နေရာကတော့ ဆိုင်လေးတစ်ဆိုင်ရဲ့ဘေးနားက သစ်သားပုံကြီးနားမှာ။ အဲ့ဒါကျွန်တော်ပိုင်တဲ့နေရာ။
မနက်နေပွင့်လာပြီဆိုတာနဲ့ ဒီစျေးကြီးက လူကြီးလူငယ် ကလေး အရွယ်အစုံ ရောင်းသူဝယ်သူတွေနဲ့ တနေကုန် စည်းကားနေတော့တာပဲ။
ကျွန်တော်နေတဲ့ ဘေးနားက ဆိုင်ပိုင်ရှင်ကောင်လေးကတော့ ကျွန်တော့်သခင်ပေါ့။ ကျွန်တော့်နာမည်ကို သူပေးထားတာ။ သူက ကျွန်တော့်ကို သူစားတဲ့ထဲကနေ မုန့်ဖဲ့ဖဲ့ကျွေးတယ်ဗျ။ပြီးတော့ နေ့ခင်းဘက်နေပူလာရင် ကျွန်တော့်ကို သူ့ဆိုင်ထဲဝင်ခွင့်ပေးတယ်။ နေပူတော့ အရိပ်ခိုရတာပေါ့။ သခင်က သဘောကောင်းတယ်ဗျ။ သူ့ဆိုင်အရိပ်ကို ကျွန်တော့်ကို ခိုခွင့်ပေးတယ်။တခြားဆိုင်ရှင်တွေလို မနှင်လွှတ်ဘူး။
![](https://img.wattpad.com/cover/206856691-288-k82049.jpg)
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Cerita PendekPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.