🖤🏡🌠 အခန်းထဲပြန်ရောက်တာနဲ့ အစ်ကို့ ဖုန်းက မက်ဆေ့ဆက်တိုက်ဝင်နေသံကို ကြားနေရပြီး အစ်ကိုကလည်း တောက်လျှောက်ဝင်နေသမျှ မက်ဆေ့တွေကို မွေ့ယာပေါ်မှာ ပြုံးပြုံးကြီးနဲ့ ထိုင်ဖတ်လို့။ ဘယ်သူပို့နေတာမို့လို့ အာ့လောက်ပြုံးနေရတာတုန်း???
သိချင်စိတ်တွေ တအားကြီးစိုးလာရင်း တစ်ယောက်ထဲနေမရထိုင်မရဖြစ်လာတာကြောင့် စာကြည့်စားပွဲနားရပ်နေရာကနေ အစ်ကို့ဆီကို ခပ်ဖြည်းဖြည်းချင်း ချင်းကပ်သွားလိုက်မိသည်။
အစ်ကိုထိုင်နေတဲ့နေရာနဲ့ 2ပေအကွာလောက်ကနေ လည်ပင်းကို သစ်ကုလားအုတ်အသွင်ဆန့်ထုတ်ထားရင်း လှမ်းဖတ်ကြည့်လိုက်တော့ မက်ဆေ့ပို့နေတဲ့ သူကို သိပ်မမြင်ရ။
📲 : I love you more than anyone could.....
(ငါမင်းကို တခြားလူတွေအားလုံးထက် ပိုချစ်နိုင်တယ်)
ဆိုတဲ့ စာတစ်ကြောင်းကိုလည်း မြင်လိုက်မိရော ကျွန်တော်လည်း အသိစိတ်ကင်းမဲ့သွားတဲ့လူတစ်ယောက်လို အစ်ကို့လက်ထဲက ဖုန်းကို ရုတ်တရက် ဆတ်ခနဲဆွဲလုယူလိုက်တော့ အစ်ကိုက "Perth! ဘာလုပ်တာလဲ? အစ်ကို စကားပြောနေတာ မပြီးသေးဘူး" လို့ တစ်ခွန်းပြောရင်းနဲ့ ကျွန်တော့်လက်ထဲက ဖုန်းကို ပြန်လိုက်လုသည်။
🖤 : ကျွန်တော့်ကို အရင်ဖတ်ခွင့်ပေး!!
❤ : ကျစ်! ခဏလေးလို့ ညီရ!
🖤 : ကျွန်တော့်ကို အရင်ဖတ်ခွင့်ပေးလို့ ပြောနေတယ်လေဗျာ!!!!
❤ : နေဦးလို့....အခု အစ်ကိုကပြောလက်စကြီး ဖြစ်နေလို့....
🖤 : ဒါဆိုရင် အဲ့ဒီတစ်ယောက်နဲ့ အခု အစ်ကိုက ဘာတွေပြောနေကြတာလဲ?
❤ : ဟင်?
🖤 : သူပို့တာတွေ ဖတ်ပြီး အစ်ကိုက ပြုံးနေလို့လေ.....စာ ဘယ်သူပို့နေတာလဲလို့??
❤ : ဪ....ညီ သိတဲ့သူပဲ.....
Ting~ 📲
🖤 : ဟမ်? ကျွန်တော်သိတဲ့သူ? ဘာလဲ?? ဟို အစ်ကိုနဲ့ ဇာတ်ကားအတူတူတွဲရိုက်နေတဲ့ တစ်ယောက်ပဲလား?
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Short StoryPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.