စီးပွားရေး နယ်ပယ်ထဲ အောင်မြင်လာပြီးနောက်ပိုင်း လုပ်ငန်း Project အသစ်တွေနဲ့ ကျွန်တော်ရော ကျွန်တော့်ကလေးပါ ပိုပြီးပင်ပန်းလာရပြီ....
ခုဆို လက်ရှိနေရတဲ့နေရာ ပတ်ဝန်းကျင်လေးက စိုက်ခင်းတွေ ပန်းပေါင်းစုံတွေနဲ့ကောင်းမွန်ပေမယ့် နေ့တိုင်းကျင်လည်နေရတဲ့ ကန့်သတ်ဇုန်လေးတစ်ခုထဲလိုဖြစ်နေတော့ အနည်းနဲ့အများ မွန်းကြပ်လာရတာပဲလေ.....
ဒီထပ်တိုးထားတဲ့ အလုပ်ဝန်တွေကြောင့် ကျွန်တော့်ကလေးနဲ့ ခရီးတိုလိုမျိုးတောင်မထွက်ဖြစ်နိုင်တဲ့ အခြေအနေထိရောက်နေရသည်ပင်... သူဖြစ်ချင်တာမှန်သမျှကို ချစ်စိတ်တစ်ခုတည်းနဲ့ ထုတ်မပြောတတ်တဲ့ ကျွန်တော့်ချစ်ရသော ကျွန်တော့်အသက်လေးပါ.... သူ့စိတ်ထဲလဲ ခု ကျွန်တော့လိုပဲ ခံစားနေရမယ်ဆိုတာ ခံစားနေမိပါတယ်....နှလုံးသားချင်းထပ်တူကျနေတာမလားလေ......
ဘယ်လောက်ပင်ပန်းပင်ပန်း ကိုကိုသာ ပြုံးနေပေး ပင်ပန်းတာအကုန်ပျောက်ပါတယ်လို့ အိပ်ရာဝင်ချိန်တိုင်း ပြောတာလေး....
ကျွန်တော်သိပ်ချစ်ရပါတယ်ဗျာ....
လွှတ်လပ်မှုလေး တဒင်္ဂတော့ သူ့ကို ဖန်တီးပေးချင်ပါတယ်....ခုလည်း အလုပ်ထဲခေါင်းစိုက်နေတဲ့ ကျွန်တော့်ဖို့ Americano တစ်ခွက်အပြေးဖျော်ပြီး ခြံထဲက ကိစ္စတွေ သူပဲသွားကြီးကြပ်ပေးမယ်ဆိုကာ ခြံထဲဆင်းသွားပြန်ပြီ.....
သက်ပြင်းမောတွေနဲ့သာ ရင်ထဲမှ မွတ်သိပ်စွာ ထွက်ဆိုရပြန်ပြီလေ....🖤 : တနေ့တော့ ရအောင် ဖန်တီးပေးပါ့မယ်ကလေးရယ်...
စိတ်မောခြင်းများစွာနဲ့ စိတ်ထောင်းကိုယ်ကြေဆိုသလို လူက ကော်ဖီသောက်ထားသည်ကိုပင် လှုပ်ကိုမလှုပ်နိုင်ချင်တော့ အခန်းပြန်နားမှ သက်သာမယ်ထင်တာနဲ့ လုပ်လက်စအလုပ်တွေခဏရပ်ပစ်ပြီး ကျွန်တော့်တို့အခန်းဆီသို့ ဦးတည်ကာ အိပ်စက်ခြင်းထဲ တိုးဝင်လိုက်မိတော့သည်....
ခဏတော့ နားခွင့်ပြုပါဦး ဘဝဝန်တို့ရာ....
~♡~♡~♡ ~ ~♡~♡~♡~
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Kısa HikayePerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.