2022ခုနှစ် ၊ 5လပိုင်း ၊ 14ရက် ၊ စနေနေ့။
🖤🌇 မနေ့ညက အစ်ကို့ဆီဖုန်းဆက်တော့ အစ်ကိုက သူဒီနေ့လုပ်ရမယ့် အလုပ်ကိစ္စတွေအကုန်လုံး ကျွန်တော့်ကို ပြောပြထားတယ်ဗျ။
ဒီနေ့,နေ့လည် 1နာရီ Major Cineplex Ratchayothinမှာ အစ်ကို Co-producerအနေနဲ့ ပထမဦးဆုံးတာဝန်ယူပြီးတော့ ရိုက်ကူးထုတ်လုပ်ထားတဲ့ Secret Crush On You Seriesက နောက်ဆုံးအပိုင်းကို fanတွေနဲ့အတူတူ ပြန်ကြည့်ကြမှာတဲ့လေ။
နောက်.....အဲ့ဒီ စီးရီးထဲမှာပါဝင်ထားတဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားရင်းနဲ့ တွေ့ဆုံနှုတ်ဆက်ပွဲလိုလေးလည်း လုပ်ဖို့ရှိတယ်ဆိုပဲ။ အဲ့ဒီပွဲမှာတင်ပဲ နောက်ထပ် စီးရီးအသစ်တစ်ခုကိုလည်း သတင်းမီဒီယာတွေကို တစ်ခါထဲ မိတ်ဆက်ပေးဖို့ရှိတယ်လို့ ပြောတယ်ဗျ။
အဲ့တော့ အစ်ကိုက ဒီနေ့တနေကုန်ကို အလုပ်အားမယ်မထင်။ အစက အဲ့ဒီပွဲကို ကျွန်တော်ရုပ်ဖျက်ပြီးတော့ သွားအားပေးမလို့ပါပဲ။ ဒါပေမယ့် ပွဲကလူများမှာကြောင့်ရယ် ကျွန်တော်ရောက်နေတယ်ဆိုတာကိုသာ အစ်ကိုသိသွားရင် အခြေအနေတွေက ဘယ်လိုဖြစ်သွားလောက်မလဲ???
အင်း....ကျွန်တော့်ကြောင့် မလိုအပ်ဘဲနဲ့ အလုပ်အချိန်အတွင်းမှာ အစ်ကို့ကို စိတ်အာရုံတွေပြန့်သွားရမှာမျိုးကိုတော့ ကျွန်တော်မလိုလားပါဘူး။
ကြိုတွေးကြည့်လိုက်မိတော့လည်း အဲ့ဒီလို စပရိုက်သွားတိုက်ရာကနေ တစ်ခုခုအဆင်မပြေဖြစ်သွားမှာမျိုးကိုတော့ စိတ်ပူမိတယ်ဗျ။ ဘာလို့ဆိုကျွန်တော့်အတွက်ကြောင့်နဲ့တော့ အစ်ကို့ကို အလကားနေရင်း ဖိအားတွေမဖြစ်စေချင်တာကြောင့်ပါ။ အဲ့ဒါနဲ့ ပွဲကိုမသွားတော့ဘဲ အိမ်ကနေအားပေးဖို့လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ် ဆိုပါတော့ဗျာ။
YOU ARE READING
🖤 ❤PS One Shot Collections & Poems
القصة القصيرةPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.