(A/N ❤ဘွဲ့အမှတ်တရ အနေနဲ့ရေးချင်ဇောကြီးပြီး ရာစုနှစ်တွေတောင် အမှတ်မှားသွားရလို့ အားနာရပါကြောင်း။ ပြန်ပြင်လိုက်ပါပြီ။ ဖတ်ရင်းသတိထားမိပြီး လာပြောပြပေးပါတဲ့ moepwintphyu6 ကိုလည်း ကျေးဇူးတင်ပါတယ်လို့။)
🖤 အမေက ကျွန်တော့်ကို 2001ခုနှစ်မှာ မွေးခဲ့လို့ အသက်အရွယ်ကတော့ လူငယ်တစ်ယောက်ဖြစ်နေပေမယ့် ကျွန်တော့်အကြိုက်တွေက 21ရာစုထဲက အရာမှန်သမျှ တစ်ခုမှမရှိ။ ရှိတော့ရှိတယ် အနည်းအကျဥ်းမျှလောက်ပဲ။
ဒီနေ့ခေတ်သီချင်းတွေထက် 1980က သီချင်းကြီးတွေကို ကျွန်တော်ပိုကြိုက်တယ်။ နောက် ကျွန်တော်ကြိုက်နှစ်သက်တဲ့ အသုံးအဆောင် ပစ္စည်းbrand(တံဆိပ်)တွေဆိုရင်လည်း 20ရာစုထဲမှာ စတင်ထုတ်လုပ်ခဲ့တာတွေကြည့်ပဲ။
(A/N 20ရာစုက 1901-2000 ခုနှစ်ထိကို 20ရာစုလို့သတ်မှတ်တယ်တဲ့ဗျ။ 2001 ကနေ 2100ခုနှစ်အထိကတော့ 21ရာစုပေါ့။)
Gucci ဆိုရင် 1921မှာတည်ထောင်တယ်။ Saint Laurent brand ဆိုရင် 1961မှာ တည်ထောင်ခဲ့တယ်တဲ့လေ။
သီချင်းဆိုရင်လည်း အပြင်ဘာညာသွားရင်တော့ နားကြပ်နဲ့ နားထောင်လေ့ရှိပေမယ့် ဓါတ်ပြားနဲ့နားထောင်ရတာကို ကျွန်တော် ပိုပြီးသဘောကျတယ်။ ကြိုက်နှစ်သက်တဲ့အရောင်ကလည်း အနက်ရောင်ပဲ။
ထသွားထလာအတွက် ကားတောင် ခုခေတ်ပြိုင်ကားလှလှလေးတွေထက် 1990ခုနှစ်တုန်းက ထုတ်တဲ့ BMW E36အမျိုးအစားကိုပဲ ကြိုက်တယ်။
အဲ့ဒီလို 20ရာစုနှစ်ထဲက မှိုင်းညို့နေတဲ့ အရာမျိုးတွေကပဲ ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ နေရာအပြည့်ယူခဲ့တယ်ပေါ့ဗျာ။
တကယ်ကိုပဲ 20ရာစုနှစ်ကြီးတစ်ခုလုံးက မှိုင်းညို့နေခဲ့တာလား??? သေချာတာကတော့ 20ရာစုနှစ်ထဲက အလင်းတန်းလေးတစ်ခုကို ကျွန်တော်မတွေ့ခဲ့မိသေးတဲ့အချိန်ထိ မှိုင်းညို့ကောင်း မှိုင်းညို့နေမှာပေါ့ဗျာ~~~
ဟုတ်တယ်။ 20ရာစုနှစ် အကုန်ခါနီးလောက်မှာ ကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့ အလင်းတန်းလေးတစ်ခုရှိတယ်။
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Krótkie OpowiadaniaPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.