(A/N ဒီ Rise like a Phoenix One shot သည် 🖤❤တို့ Real life ကို အခြေခံထားတာမှန်သော်လည်း ကျွန်တော့်ရဲ့ စိတ်ကူးယဥ်ဖန်တီးမှု တစ်ခုသက်သက်သာဖြစ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။)
🌃🚘 Bkk မြို့ ၊ ည9နာရီကျော်အချိန်တွင် BMW အနက်ရောင်ကားလေးတစ်စီးသည် ကားလမ်းမကျယ်ကြီးထက်တွင် တရိပ်ရိပ်ပြေးလွှားနေသည်။
🖤🌃🚘 အစ်ကို့အိမ်ကနေ စထွက်ပြီးလမ်းတစ်ဝက်လောက်ရောက်တော့ အစ်ကိုပြောထားတဲ့အတိုင်းပဲ P'Chenက အစ်ကို့ဆီကို ဖုန်းထပ်ဆက်လာတယ်ဗျ။
❤ : Hello P'....
"အေး....Saint! ငါ မင်းကို အခန်းထဲမှာမတွေ့လို့.... မင်း အစောကပြောတော့ နားပြီဆို? ဘယ်သွားနားနေတာလဲ?"
❤ : အဟမ်း.....P'....ဟိုလေ....သား~ Perthနဲ့ အပြင်ခဏသွားမလို့..... ခဏနေလောက်ပြန်လာခဲ့မယ်~~
"ဟမ်??? Perth နဲ့!!"
❤ : ဟုတ်....
" နေပါဦး! မင်း Perthက မင်းကို ဘယ်အချိန်တုန်းက လာတွေ့သွားတာတုန်းဟ??"
❤ : အဟဲ~အစောကပဲ အိမ်ကိုလာခေါ်ပေးတာ....
"ဟမ်?? အိမ်ကို?"
❤ : ဟုတ်တယ် P'....အိမ်ကို....
"ဪ....ဒါကြောင့် မင်း အစောတုန်းက ငါ့ကို မလိမ့်တပတ်လုပ်သွားတာကိုး!"
❤ : အဟား မတတ်သာလို့ပြောလိုက်ရတာပါ P'ရာ....စိတ်မဆိုးပါနဲ့....သားတို့ကို ခုထက်လည်း ပိုပြီးတော့ မဆူနေပါနဲ့တော့လို့~~~
"ဟင်းးး~~ လာခေါ်တဲ့သူကလာခေါ်လို့ လိုက်ချင်တဲ့သူကလည်း လိုက်တောင်သွားပြီပဲကွာ....ငါ ဆူနေတော့ရော ဘာထူးမှာမို့လို့လဲ?"
❤ : အဲ့ဒါကြောင့် သားကပြောနေတာပေါ့။ တရားနဲ့သာဖြေပါ~~ P'~~
🖤 : ခွီးးး.....
အစ်ကိုက ရုပ်တည်ကြီးနဲ့ P'Chen ကို စနေတာကြောင့် ကျွန်တော်လည်း မရယ်မိအောင်ထိန်းနေတဲ့ကြားကကို ခွီးခနဲ ရယ်လိုက်မိသည်။
ရယ်မိလိုက်တာနဲ့မကာမိ အစ်ကိုက ဖုန်းပြောနေရာကနေ ဇတ်ခနဲ ကျွန်တော့်ဘက်လှည့်လာပြီး ဂျိုကြည့်ကြည့်လာတယ်။ တကယ့်နဂါးမျက်စောင်းဗျ! ဟုတ်ပါတယ်လေ။ ကျွန်တော် အခုလို ဇွတ်လာလာခေါ်တိုင်း အစ်ကို့မှာ P'Chenနဲ့ အခုလို စာရင်းရှင်းရတာဆိုတာ မရေမတွက်နိုင်အောင်ပါပဲ။

YOU ARE READING
🖤 ❤PS One Shot Collections & Poems
Historia CortaPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.