🖤My Universe❤

78 7 20
                                    

(A/N ဒီ 🖤My Universe❤ One shotထဲမှာ ကျွန်​တော်ထည့်သွင်း​ရေးသားထားသည့် တစ်ချို့​သောအ​ကြောင်းအရာများသည် Perth Saint Real life ကို အ​ခြေခံထား​​​​တာ မှန်သော်ငြားလည်း လက်​တွေ့မှာ တကယ်ဖြစ်ပျက်ခဲ့သည်ဟု မဆိုလိုပါ။

သို့ဖြစ်ပါ၍ ဒီOne Shotထဲတွင် ​ထည့်သွင်းရေးသားထား​သော ​ဇာတ်လမ်းဇာတ်ကွက်များသည် ကျွန်​တော့်စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာလျှင်ဖြစ်​ကြောင်း ​ဦးစွာပြောကြားလိုပါတယ်။​​ TG Familyကြီးထဲက Tg​တွေလည်း ဒီOS​လေးဖတ်ပြီးတဲ့အခါ ရသတစ်ခုခု ခံစားရရှိတယ်ဆိုရင်ကို ကျွန်​တော့်အ​နေနဲ့ ဖန်တီး​ပေးရကျိုးနပ်ပါတယ်ဗျာ။

ကျွန်​တော်အချိန်​ပေးခံစားပြီး​တော့ ​ရေးသား​ပေးထားတာ​လေးကို အချိန်​ပေးခံစားပြီး ဖတ်ရှု​ပေးကြတဲ့ စာဖတ်သူတစ်​ယောက်ချင်းစီတိုင်းကို ကျွန်​တော်က ​ကျေးဇူးအထူးတင်ရှိပါတယ်။အ​ရင်လိုအသေးစိတ်​တော့ မဟုတ်ပါဘူး။ဒီတိုင်း​ရေးချင်လာတဲ့အတိုင်း နည်းနည်း​​လေးချ​ရေးထားရုံသက်သက်ပါ။ အ​သေးစိတ်ဖို့လို့ပင်လယ်သား​လေး❤ကို လွမ်းတဲ့စိတ်က မုအွန်မရ​သေးလို့😭🖐)

2024ခုနှစ် ၊ 5လပိုင်း ၊ 5ရက် ၊ တနင်္ဂ​နွေနေ့ ၊ ည11နာရီခွဲအချိန် ၊ ဘန်​ကောက်မြို့။

🖤🌃 RSသက်တမ်းကြာလာတာနဲ့အမျှ ချစ်စကြင်နာစတုန်းကလိုမျိုး 24/7 ချစ်ကြည်နူးတစ်တီတူးရချိန်​တွေကလည်း တဖြည်းဖြည်းနဲ့ နည်းပါးလာရသည်။

တာဝန်ယူလုပ်​ကိုင်​နေရတဲ့ အလုပ်တာဝန်​တွေ​အရ သူမအားကိုယ်မအားဖြစ်ရတာနဲ့တင် တစ်လတစ်ခါ​တွေ့ရဖို့အ​ရေး နှစ်​ယောက်သားအလုပ်အချိန်ဇယားကို မနည်းညှိယူ​နေရတဲ့အထိပါပဲ။

​ကျောင်းတုန်းက​တော့ အမြဲလိုလို အတူသွားအတူစားဖြစ်​ခဲ့ကြပေမယ့် အခု အလုပ်ခွင်ထဲ ​ခြေစုံပစ်ဝင်ရချိန်မှာ​တော့ ထမင်းလေး တစ်ခါ​လောက် အတူတူစားရဖို့အ​ရေး ညှိလိုက်ရတဲ့ အလုပ်အချိန်ဇယားဆိုတာ​ကတော့ ​ပြောမ​နေပါနဲ့​တော့ဗျာ။

မဆုံရ​သေးရင်လည်း လွမ်း။ ဆုံပြန်​တော့လည်း စရင်း​နောက်ရင်းနဲ့ စကားကများရပြန်​ရော။ နီးတကျက်ကျက် ​ဝေးတသက်သက်ဆိုသလို အခုလည်း ကျွန်​တော်နဲ့ စကားများထားတုန်း ဘယ်လိုက​နေဘယ်လို ​ဆရာ​တော်ဘုရားနဲ့ ဘုရားဖူး​ကောက်ခါငင်ခါ ထလိုက်သွားသလဲမသိ။

🖤 ❤PS One Shot Collections & PoemsWhere stories live. Discover now