နွေးထွေးလွန်းသော တနင်္ဂနွေနေ့လေးတစ်ရက်..........
❤ ❤ ❤
Church⛪ ကျောင်းတစ်ခုအတွင်း ဝတ်ပြုဆုတောင်းသည့်နေရာ၌ ဖြူလွှလွှကောင်လေးတစ်ယောက်ရဲ့ နှလုံးသွေးမှ ဖြစ်တည်လာသော တောင်းဆုပြုသံတိုးဖွဖွတို့သည် ဘုရားသခင်ထံဆီသို့ တန်းတန်းမတ်မတ်ရောက်ရှိလောက်ပါသည်.........
🖤 🖤 🖤
လူတွေအကုန်လုံး သူတို့ဖြစ်ချင်တာတွေ ပဲ တန်းဆီပြီး ပြောသွားကြတာပါပဲ......
ကျွန်တော် ဘာဖြစ်ချင်လဲဆိုတာကိုတော့ တစ်ယောက်တစ်လေတောင် မေးဖော်မရခဲ့ပါဘူး......အမှောင်အတိကျနေတဲ့ အခန်းထဲ လွင့်ပျံနေသော သီချင်းထဲက စာသားတွေဟာ ကျွန်တော့ဦးနှောက်နဲ့ နှလုံးသားကို ချေမွနေသလိုပါပဲ.....
ဂီတသံစဥ်တွေက ကြေကွဲနေတဲ့ ရင်ခွင်တွေအတွက် ဆေးတစ်ဖုံဆိုရင် ကျွန်တော့်အနာကျ ဘာလို့ မပျောက်ရပါသလဲ.....
🎼 မင်းတစ်ယောက်တည်း အထီးကျန်ပြီး ဖုန်းဆက် ရင်ဖွင့်ဖို့ လူတစ်ယောက်လိုအပ်တဲ့အခါ အဲ့ဒီတစ်စုံတစ်ယောက်ဟာ ငါဖြစ်နေပေးပါ့မယ်.... ငါရှိနေမှာပါ....
မင်းကို တစ်နေရာရာမှာများ သူတို့တွေ ရက်ရက်စက်စက် ထားသွားခဲ့ကြတဲ့အခါ မင်းနှလုံးသားထဲက နာကျင်ကြေကွဲမှုတွေကို ကုသပေးဖို့အတွက် ငါရှိနေမှာပါ...ငါရှိနေပေးမှာပါ....
တကယ့် ချစ်ခြင်းမေတ္တာတရားက ဘာလဲဆိုတာကိုမင်းသိဖို့ ငါလမ်းပြသပေးပါ့မယ်....
ဒါ ဒါ ဒါ ဒါ့ ဒါ ဒါ ဒါ ဒါ့ ဒါ့ဒါဒါ့ဒါ~~~
ဒါ ဒါ ဒါ ဒါ့ ဒါ ဒါ ဒါ ဒါ့ ဒါ့ဒါဒါ့ဒါ~~~ 🎼
ပျံ့လွင့်နေသော သံစဥ်တွေကြားထဲ တိုးဖွဖွ ပြောမိသည်က... ကျွန်တော်အဆင်ပြေသွားမှာပါ.... တစ်နေ့ပေါ့..............
ကားသော့ကိုဆွဲယူကာ အထိန်းအကွတ်မဲ့ အရှိန်နှုန်းဖြင့် စံအိမ်မှ ထွက်ခွာကာ ဦးတည်မိသည်က မြို့ပြင်ရှိ အမြန်လမ်းပေါ်သို့.........
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Short StoryPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.