Endless love ဆိုပြီး ပထမဦးဆုံး one shotအနေနဲ့ သတ်သတ်ရေးထားတာက ကျွန်တော် လက်ကမျဥ်းလွန်ပြီး လုံးဝဖျက်လိုက်မိလို့ ဒီOne Shot Collectionထဲပဲ ပြန်ပေါင်းထည့်ထားလိုက်ပါတော့တယ်လို့🤧😭
× × × × × × × × 🖤❤ × × × × × × × ×
ဤဘဒ္ဒကမ္ဘာနဲ့သံသရာမှာ နက်ရှိုင်းလွန်းသော ချစ်ခြင်းတရားတစ်ခုအကြောင်းလေးက ဒီလိုစတင်လာရတယ်🖤❤......နွေးထွေးလွန်းလှတဲ့ နံနက်ခင်းလေးတစ်ခုမှာပေါ့.......
❤ကျွန်တော်နေထိုင်ရတဲ့ မြို့ပုံစံလေးကို သိပ်ချစ်ပါတယ် ကျေးလက်မကျမြို့မကျလေးပေါ့...
လွတ်လပ်တယ် အေးချမ်းတယ်... လမ်းလေးတွေဟာလည်း အကွေ့အကောက်လေးတွေနဲ့ ဘေးဘီဝဲယာတွေမှာလည်း ပန်းချီလေးတွေ သစ်ပင်ပန်းမာန်လေးတွေနဲ့ပါ....
အဲ့ဒီတွေထဲကမှ ကျွန်တော်အမြတ်နိုးဆုံးကတော့ ကျွန်တော်နေထိုင်ရာအိမ်လေးရဲ့ မလှမ်းမကမ်း လမ်းကွေ့လေးက စာအုပ်ဆိုင်ကလေးပါပဲ.....
ငယ်ငယ်လေးထဲက အနေအေးပြီး စာဖတ်တာကို ဝါသနာထုံခဲ့တဲ့ကျွန်တော့အတွက် ဒီနေရာလေးဟာ ကျွန်တော့်ရဲ့ တန်ဖိုးအထားရဆုံးနေရာလေးတစ်ခုပေါ့လေ....
ပြီးတော့ ကျွန်တော့်ရဲ့နှလုံးသားကို စတင်လှုပ်ခတ်စေနိုင်ခဲ့တာလည်း အဲ့ဒီစာအုပ်ဆိုင်ပိုင်ရှင် အကိုကြီးပေါ့ဗျာ တနည်းအားဖြင့် ကျွန်တော့် crushပေါ့🖤....ဟီး
ကျွန်တော် လက်ခံထားတဲ့ ချစ်ခြင်းတရားတစ်ခုမှာ မြတ်နိုးတန်ဖိုးထားပြီး နှလုံးသားကလက်ခံရင် Genderခွဲခြားစရာမလိုဘူး
လို့ထင်တာပဲ.... လူတိုင်းချစ်ခွင့်ရှိတယ်မလားလေ....ချစ်ခြင်းတရားတွေကြည့် လွှမ်းခြုံထားကြရင် စစ်ပွဲတွေဆိုတာတောင် ရှိမလာနိုင်ဘူးမလား....ကျွန်တော်အထက်တန်းကျောင်းသားဘဝကတည်းက အဲ့ဆိုင်လေးကိုသွားရင်း သူ့ကို မသိအောင် သွားသွားငေးခဲ့ရတာပါ....
အမြဲလာနေကျမို့ နည်းနည်းတော့ မှတ်မိနေမယ်ထင်ရတာပါပဲလေ...ထင်တာပါ ကျွန်တော်စိတ်တွေတော့ မဖတ်နိုင်ပါဘူးလေ......ကျွန်တော်အထက်တန်းကတည်းက သူကတက္ကသိုလ်ကျောင်းသားကြီးပေါ့ ဆိုင်မှာ အမြဲစာတမ်းတွေနဲ့ အလုပ်ရှုတ်နေရတာကို မြင်နေကြပါ....
သူ့ပုံစံကို ကြည့်ရင်း စာနဲ့ပတ်သတ်ရင်အလေးထားပုံရတာမို့ ကိုယ်လည်း စာကိုသေချာကြိုးစားနေမိတာပါ....
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Historia CortaPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.