🌇 2022ခုနှစ် ၊ 8လပိုင်း ၊ 3ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ ညနေ5နာရီအချိန်။
Bkk မြို့ကြီးထဲရှိ ကွန်ဒိုတိုက်ခန်းကျယ် တစ်ခန်းထဲတွင် Perth Tanapon တစ်ယောက် Dinner Date အတွက်အခန်းတွင်းပြင်ဆင်မှုတွေပြုလုပ်ရင်း အလုပ်ရှုတ်နေသည်။
🖤🌇 မနေ့ညက အစ်ကိုရော ကျွန်တော်ပါ မတတ်နိုင်ခြင်းတစ်ချို့အတွက် ငိုကြွေးရင်းအိပ်စက်ခဲ့ရပေမယ့် ဒီနေ့ညမှာတော့ အစ်ကို့ကို ပျော်ရွှင်မှုခံစားရင်း နဲ့ အိပ်စက်စေချင်တာကြောင့် စပရိုက်တိုက်ဖို့အတွက် ကျွန်တော်မနက်ကတည်းကနေ အခုအချိန်ထိ လိုအပ်တာတွေကို တောက်လျှောက်ပြင်ဆင်နေရတာဗျာ့။
မနက်က အိပ်ရာနှိုးလာတော့ ညကငိုထားတဲ့အရှိန်နဲ့ စိတ်ထဲသိပ်နေလို့ အဆင်မပြေဖြစ်နေရာကနေ ဖုန်းဖွင့်ကြည့်လိုက်ရာ အစ်ကို့ဆီက နှုတ်ဆက်စကားလေးနဲ့အတူ "Happy 4 Anniversary Ae~~Kha~~~"ဆိုတဲ့ မက်ဆေ့ကိုပါ တဆက်ထဲတွေ့လိုက်ရတော့ မကြည်မလင်ဖြစ်နေတဲ့ စိတ်တွေက ဘယ်ဆီကိုများ လွင့်ထွက်သွားကြသလဲ မသိ။
ဒီ(August 3ရက်)နေ့က LBC ထုတ်လွင့်ပြသခဲ့တာ 4နှစ်တိတိပြည့်တဲ့နေ့ဗျ!!! ဒါဆိုရင် ကျွန်တော်တို့ နှစ်ယောက်ဆုံတွေ့ခဲ့တာကလည်း ခုဆိုရင် 4နှစ်တောင်ပြည့်ခဲ့ပြီပေါ့လေ။ အချိန်တွေကုန်တာလည်း မြန်လိုက်တာ။
4နှစ်ပြည့်တဲ့ အမှတ်တရအနေနဲ့ အစ်ကို့ကို စပရိုက်တိုက်ရမယ်လို့တွေးရင်း မနက်စာအမြန်စားသောက်ပြီးတာနဲ့ စပရိုက်အတွက် အစီအစဥ်တွေတန်းဆွဲပြီးတော့ ကုန်တိုက်တစ်ချို့ကနေ လိုအပ်တာတွေလှမ်းမှာရတယ်ပေါ့လေ။
မှာထားတဲ့ပစ္စည်းတွေ လက်ထဲရောက်လာတာနဲ့ ဆွဲထားတဲ့ Planအတိုင်း တစ်ခုချင်းစီ တောက်လျှောက်အကောင်အထည်ဖော်လာလိုက်တာ အခုဆိုရင် ညနေခင်းအချိန်တောင်ရောက်သွားရပြီ။
ပြင်ဆင်ပြီးသလောက်ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း ပြုံးပြုံးကြီးဖြစ်နေရသေးသည်။ ကျွန်တော် သိပ်ချစ်ရတဲ့ အစ်ကို ပြုံးယောင်ကလေးပဲ သမ်းသွားတယ်ဆိုရင်ကို ကျွန်တော် တကယ်ကျေနပ်မိမှာပါ။
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Short StoryPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.