🖤Coffee Love❤️

7 0 0
                                    

❤🌧 တဖျောက်ဖျောက် မြည်နေတဲ့ မိုးစက်မိုးပေါက်တွေကို ပြတင်းတံခါးကနေတဆင့် ငေးကြည့်နေရင်း ကိုယ့်ရှေ့က Americano လက်ကျန် ကိုမော့သောက်လိုက်တော့ ရင်ထဲနွေးခနဲ။

ကော်ဖီကုန်တော့ ကွတ်ကီးကို တစ်ကိုက်ကိုက်ရင်း ခွက်အောက်ခြေကစာတန်းလေးကို တွေ့လို့ ကောင်တာက ကောင်ကလေးကို တစ်ချက်လှမ်းကြည့်တော့ အမြဲလိုလို အကြည့်ချင်းဆုံမိတာနဲ့ သူမသိသလိုမျက်နှာပေးလေးနဲ့ မျက်နှာလွှဲပစ်လိုက်တဲ့ ပုံစံလေးက ဘယ်နခါတွေ့ရတွေ့ရ မရိုးနိုင်တဲ့ သဘာဝရဲ့ မြင်ကွင်းကလေးလိုမျိုး တစ်မျိုးတစ်ဖုံနဲ့ လှတယ်။

အဲ့ဒီ မြင်ကွင်းလေးကပဲ ဒီဆိုင်ကိုနောက်တစ်ခါပြန်လာချင်အောင် လုပ်တတ်တဲ့ စိတ်ညို့ရှင်ကလေးပါပဲ။

🖤🌧ဆိုင်ကိုလာတဲ့ Customer တွေထဲ ကော်ဖီကို ပါဆယ်အနေနဲ့ဝယ်ပြီး ဆိုင်မှာပဲထိုင်သောက်တတ်တဲ့ အကိုကြီးတစ်ယောက်ရှိတယ်။
သူကော်ဖီထိုင်သောက်တိုင်းလည်း အပြင်ကိုငေးကြည့်တဲ့ သူ့မျက်လုံးတွေက အရောင်တလက်လက်နဲ့ လှတာထက်ပိုတယ်။

သူအမြဲလိုလို ဝယ်သောက်တာကလည်း Americano Typeပဲ။ကော်ဖီဗူး အဖုံးပေါ်မှာ တင်ပေးတဲ့ ကွတ်ကီးကိုတော့ ကော်ဖီအကုန်သောက်ပြီးမှ အမြဲတစ်ကိုက်ကိုက်ပြီး ထားထားသွားတတ်တာ သူ့အကျင့်တစ်ခုပဲ။

အဲ့အကိုကြီး ဆိုင်ကိုလာတာ လနဲ့ချီတော့ရှိနေပြီ။အကိုကြီးသာ စိတ်မှန်းနဲ့ပြောတာ ၂နှစ်၃နှစ်လောက်ပဲ ကွာမယ်ထင်တယ်။ အမြဲလိုလို သူကလည်း ဆိုင်ထဲဝင်လာပြီး ကောင်တာရှေ့မှာ ရပ်ပြီးတာနဲ့ "Americano" တစ်ခွန်းပဲပြောသလို ကျွန်တော်ကလည်း "ကော်ဖီရပြီအကို" လို့ပဲ ပြန်ပြောဖြစ်တယ်ပေါ့။

အသံအနေအထားအရ အကို့ရဲ့ အသံဟာ ချိုတယ်။အေးတယ်။အသားကလည်း တော်တော်ကိုဖြူတယ်။သူ့ နှုတ်ခမ်းဖူးလေးကတော့ ကျွန်တော်အမြဲ ခိုးငေးရတဲ့ အလှဆုံးသော ချောက်နက်တစ်ခုလိုပဲ။

Americano ဆိုတဲ့ အသံလေးကတောင် ဆည်းလည်းသံလို ချိုမြနေရင် အဲ့နှုတ်ခမ်းဖူးလေးက ဖြစ်ပေါ်လာမယ့် အပြုံးလေးတစ်ပွင့်ကရော ဘယ်လောက်ထိ ချိုလိုက်မလဲ။

🖤 ❤PS One Shot Collections & PoemsWhere stories live. Discover now