2023ခုနှစ် ၊ 12လပိုင်း ၊ 22ရက် ၊ သောကြာနေ့ ၊ မနက် 6နာရီခွဲအချိန် ၊ ဘန်ကောက်မြို့။
❤🏙 အဆက်မပြတ်အော်မြည်နေတဲ့ နှိုးစက်သံကြောင့် ညီ့ရင်ခွင်ထဲတိုးဝင်ပြီးတော့ အိပ်နေမိရာကနေ ကမန်းကတမ်း ကုန်းရုန်းထရတော့သည်။
မသိရင် ဘွဲ့က သူ ယူမှာလား? ကျွန်တော်ယူမှာလားကို မသဲကွဲနေဘူး!
တတီတီအော်ကောင်းနေတဲ့ ဖုန်းက Alarmကို အမြန်လှမ်းပိတ်ပြီး ဘေးကိုတစ်ချက်လှည့်ကြည့်လိုက်တော့ အိပ်ပုတ်ကလေး ညီက အိပ်လို့ကောင်းနေဆဲပင်။
ဘွဲ့ယူသွားဖို့အတွက် စောစောစီးစီး ထမလာသေးတာကို မပြောနဲ့! နှစ်တိုင်း အောင်စာရင်းထွက်လို့ရှိရင် ကျွန်တော့်မှာ သူ့ကို အတင်းနှိုးပြီး အောင်ကြောင်းပြောခဲ့ရတာ အမောပါပဲ။
ဒီဇင်ဘာဆိုတော့ မနက်ခင်းဘက်ဆိုရင် အအေးဓါတ်ကလေးကလည်း ရှိနေတာကြောင့် အခု ကျွန်တော်သူ့ကို နှိုးရင်လည်း တော်တော်နဲ့နှိုးလို့ရမယ်မထင်။
မနက်စာပြင်ဆင်ပေးပြီးမှပဲ နှိုးပေးလိုက်တော့မယ်လို့တွေးရင်း ကျွန်တော်အရင် အိပ်ရာကနေထလိုက်ကာ မျက်နှာသစ် ၊ သွားတိုက်ပြေးလုပ်ရတော့သည်။
မျက်နှာသစ် သွားတိုက်လုပ်ပြီးတာနဲ့ အောက်ထပ်ကိုဆင်းသွားလိုက်ပြီး မနက်စာပြင်ဆင်ပေးဖို့အတွက် မီးဖိုချောင်ထဲ ဘာရှိမလဲ? တစ်ချက်သွားကြည့်ရင်း ရှာဖွေရေးဆင်းရပြီ။
ကြောင်အိမ်တံခါးတစ်ချို့ကို အသာလိုက်ဖွင့်ကြည့်တော့ ပေါင်မုန့်စိတ်ပြီးသားအထုပ်တစ်ထုပ်တွေ့တာနဲ့ ပေါင်မုန့်ထုပ်ကိုအရင် အပြင်ထုတ်ယူထားလိုက်သည်။
ပေါင်မုန့်ပေါ်မှာယိုသုတ်ပြီး အဆာပြေမုန့်လိုပဲစားခိုင်းလိုက်ရမလားတွေးရင်း ယိုသုတ်ဖို့အတွက် စတော်ဘယ်ရီjamပုလင်းနဲ့ ချောကလက်အနှစ်ပုလင်းကိုပါ တစ်ခါထဲ ထုတ်ထားခဲ့လိုက်ရပြီ။
ဒီလောက်ဆိုရင်တော့ အဆာပြေလောက်ဖြစ်ဖြစ် ညီ အလွယ်စားသွားလို့ ရလောက်ပါတယ်။ ကြက်ဥကတော့ ပူပူနွေးနွေးစားရအောင် သူစားချင်တယ်ဆိုမှပဲ ထကြော်ပေးလိုက်ဖို့ တွေးထားသည်။ သောက်စရာအတွက်ကတော့ Miloတစ်ခွက် ဖျော်တိုက်ဖို့ တွေးထားတယ်။
YOU ARE READING
🖤 ❤PS One Shot Collections & Poems
PovídkyPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.