⛰️ 2024ခုနှစ် ၊ 11လပိုင်း ၊ 3ရက် ၊ တနင်္ဂနွေနေ့ ၊ မနက် 7နာရီအချိန် ၊ Guilin,yangshouမြို့။
❤⛰️ ညက Perthကို ကိုယ့်အခန်းကိုယ်ပြန်အိပ်ခိုင်းပေမယ့် ကိုယ်တော်ချောက မပြန်ဘူးကြည့် အတွင်တွင်ငြင်းရင်း ခေါင်းမာနေလို့ နောက်ဆုံး ကျွန်တော်ပဲ လက်လျော့လိုက်ရတာဗျာ။
မေမေက ကျွန်တော်တို့ လွတ်လွတ်လပ်လပ်နားလို့ရအောင်ဆိုပြီး Comက Staffကလေးမလေးတယောက်နဲ့အတူတူသွားအိပ်ပေးမယ်ဆိုလို့ အဲ့ငဆိုးလေးက ကျွန်တော်နဲ့ တခန်းထဲအတူတူအိပ်ခွင့်ရသွားတာ ဆိုပါတော့။
အခုလည်း လူကို ဖက်လုံးခွသလို အတင်းခွဖက်ပြီးတော့အိပ်ရင်း လက်နှစ်ဖက်ကလည်း ကျွန်တော့်ကိုတင်းကြပ်နေအောင်လို့ ဖက်ထားတာများ ကျွန်တော့်မှာ အသက်ရှူရတာတောင် ခက်ချင်လာသည်။
❤ : အင့်~ ညီ...
🖤 : အင်....
❤ : အ~ ညီ့... ခဏ~ ခဏလောက်ထဦး~
🖤 : အင်း...
❤ : အာ Perth....အစ်ကို အသက်ရှူရကြပ်နေပြီ....အင့်~
ညီ့ရင်ဘတ်ကို လက်နဲ့အသာဖိတွန်းထားလိုက်တော့ ငဆိုးလေးက ကျွန်တော့်ကို ပိုတိုးပြီးတော့တောင် ဖက်လာသေး!
❤ : အ~ Perth!! လွှတ်ဦး!
🖤 : ဟင့်အင်း~ အချစ်~ မောင့်~ကို မထားခဲ့ပါနဲ့~
❤ : ဟမ်?
မျက်လုံးတွေ မှိတ်ထားရက်သားနဲ့ လူကိုအတင်းတိုးဖက်ထားရင်း မထားခဲ့ပါနဲ့လို့ ပြောနေတာများ အိပ်မက်ထဲတော့ ကျွန်တော်ကထားသွားတာကို ခံနေရပြီ ထင်တာပဲ။
မျက်ခုံးတစ်စုံကိုလည်း အားကြီးနဲ့တွန့်ချိုးထားသေး။ အိပ်မက်ယောင်နေတာကို ရယ်ချင်ပေမယ့်အတင်းလာဖက်ထားတဲ့ဒဏ်ကြောင့် ခါးတဝှိုက်ကနာကျင်စပြုလာတာနဲ့ ငဆိုးလေးကို အလိုက်သင့်ပြန်တိုးဖက်လိုက်ရာ အတင်းလာဖက်ထားတဲ့ ညီ့လက်တွေက အနည်းငယ် အားလျော့ကျသွားသည်။
ညီ့လက်တွေ ပြေလျော့သွားတော့မှပဲ ကျွန်တော်လည်း ခန္ဓာကိုယ်ကို တပတ်လှည့်ချပစ်လိုက်ရာ အတင်းခွဖက်ခံထားရာကနေ လွတ်သွားရတော့သည်။
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Short StoryPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.