🌃2024ခုနှစ် ၊ 7လပိုင်း ၊ 15ရက် ၊ တနင်္လာနေ့၊ ညနက်သန်းခေါင်ယံအချိန်။
❤🌃 2နာရီထိုးခါနီးလောက်မှာ ဘုန်းဘုန်းဆီက ဖုန်းဝင်လာတာကြောင့် Igမှာ ထိုင်ကြည့်နေမိသမျှ Reelsတွေကို ကောက်shrနေရာကနေ ဖုန်းအမြန်လက်ခံလိုက်ရသည်။
ကျွန်တော် မကြားချင်တဲ့စကားတွေပါပဲ။ ညီ သူ့အမေနဲ့ စကားများထားတယ်တဲ့။ ဘုန်းဘုန်းကတော့ ကျွန်တော်တို့နှစ်ယောက် စကားများထားကြတယ်ဆိုရင်လည်း မနက်ကျမှပဲ အေးအေးဆေးဆေး သွားညှိဖို့လို့ မိန့်သည်။ အခုသွားညှိရင် ဒေါသထွက်နေတုန်း ဘာပြောပြောနားဝင်ဖို့ မဖြစ်နိုင်လို့တဲ့။ ညီ့ဒေါသအကြောင်းကို ကျွန်တော်က အသိဆုံးလူ မဟုတ်လား???
ဘယ်လိုရှင်းပြရှင်းပြ အခုလောလောဆယ်တော့ နားဝင်မှာ မဟုတ်မှန်းသိပေမယ့်လည်း ညီနဲ့ အဆက်အသွယ်ရချင်သည်။
လိုင်းပေါ်မရှိတော့ ဘယ်Social Media appကနေဆက်သွယ်ဆက်သွယ် အချည်းနှီးပင်။ ဖုန်းဆက်ဖို့ ၊ Mesgပို့ဖို့ကျတော့လည်း Airplane modeဖွင့်ထားတာကြောင့် ဘယ်ဖုန်းနဲ့ဆက်ဆက် ဆက်လို့မရနေ။
ဘုန်းဘုန်းနဲ့မေမေ့စကားကို လွန်ဆန်ပြီးသွားတွေ့လိုက်မယ်ဆိုရင်ရော ညီက ကျွန်တော့်ကို တွေ့ချင်ပါ့မလား??
အတွေးတွေများရင်းနဲ့ပဲ အခန်းထဲမှာ ခေါက်တို့ခေါက်ပြန် လမ်းလျှောက်နေမိသည်။
အချစ်ကိစ္စမှာ ခံစားတတ်တဲ့နှလုံးသားကလာတဲ့အသံအစား စဥ်းစားတွေးခေါ်တတ်တဲ့ ဦးနှောက်ကပြောတဲ့အသံကိုပဲ နားထောင်နေရင် ချစ်လျက်နဲ့ဝေးကွာဖို့အတွက် လမ်းစတခုလို ဖြစ်သွားနိုင်တာကို ကျွန်တော်တို့ သိထားတယ်လေဗျာ။
YOU ARE READING
🖤 ❤PS One Shot Collections & Poems
Short StoryPerth Saint One Shot Collections & Poems .... My own creations for babies perth saint.... I respectfully credit all the original uploaders of the photos included in my one shot collections & poems.