ဒီနိုင်ငံရဲ့ဆောင်းရာသီအအေးဒဏ်က
ကျောရိုးထဲထိစိမ့်နေအောင်ပဲမောင်ရယ်...
ဒါပေမဲ့မောင်နဲ့ထယ်ဆက်ဆံရေးက
ပိုအေးစက်လွန်းပါတယ်မောင်...
ရင်ဘတ်ထဲမှာရောနားထင်တွေအထိ
တင်းနေအောင်ခံစားရတယ်
မောင့်ကိုသိပ်ချစ်တယ်...
မောင့်ဘေးကမောင်သိပ်ချစ်ပါတယ်ဆိုတဲ့
အမျိူးသမီးကိုမုန်းတယ်မောင် ...
ဖေဖေ့ကိုလဲမုန်းတယ်
ဖေဖေ့ကြောင့်သာမဟုတ်ရင်
ဖေဖေသာမောင့်အမေကိုမနှိပ်ဆက်ရင်
မောင်ထယ့်ကိုကြည်ဖြူမှာသေချာတယ်.............
''ဟယ်လို အေး မင်းတို့အခုထိ
ရှာမတွေ့သေးဘူးလား... '''' မတွေ့သေးပါဘူး... ''
''တောက်စ် ကားဂိတ်တွေ မုန့်ဆိုင်တွေ
ဒီအနီးအနားနှံ့အောင်ရှာနေရဲ့လား
ဒါလေးတောင်အသုံးမကျဘူးလားကွာ... ''အပေါ်ထပ်အနွေးထည်ကိုယူကာ
ကိုယ်တိုင်ရှာမည်ဆိုတဲ့စိတ်နဲ့
အောက်ထပ်ကိုဆင်းလာခဲ့လေသည်ကားသော့ကိုလှမ်းယူပေမဲ့ ခြေလျှင်ဆို
ပိုပြီးရှာဖွေနိုင်မည်ဆိုသောအတွေးကြောင့်
ပြန်ချကာ ခြေလျှင်ထွက်လာလိုက်သည်သူသာပြန်မလာတော့ရင်...
သူသာထွက်သွားခဲ့ရင်...
သူ့ကိုသာထပ်မတွေ့ရတော့ရင်ဆိုတဲ့
အတွေးတိုင်းအတွက်လေးပင်လွန်းတဲ့ရင်ကို
ပိုက်ထမ်းရင်းနဲ့ပင်...ထိန်းမနိုင်တော့တဲ့
မျက်ရည်စတွေရယ်နဲ့ ခြံ၀ကိုခပ်သွက်သွက်
ထွက်လာလိုက်သည်...နေရာပေါင်းစုံမှာသည်းသည်းပြင်းပြင်း
ပြေးပြေးလွှားလွှားရှာလဲ ... မောင့်အိမ်သူ
ထယ့်ကိုမတွေ့တော့ဘူး...
တဖြေးဖြေးညနေတွေစောင်းပြီး မိုးချုပ်တဲ့ထိ
မောင်လုံး၀မပြန်နိုင်ခဲ့ဘူး ...''ဒီပုံထဲကကောင်လေးကိုတွေ့မိလား...''
''ဟင့်အင်း ... ''
သေချာပါတယ်လေ တစ်မြို့လုံးနှံ့အောင်
ကိုပြေးလွှားခဲ့ပြီးပါပြီ သူအေ၀းကြီးကို
ထွက်သွားနှင့်လောက်ပြီထင်ပါရဲ့...လက်ထဲကအိမ်ကစုပ်ကိုင်လာတဲ့
ပန်းသီးလေးကိုတမမဖြစ်ရင်း
လောင်ကျွမ်းနေသလိုကို
ပူပူလောင်လောင် နာကြင်ခံစားရသည်