မျက်လုံးနှစ်လုံးပွင့်လာတော့
ကို့အခန်းထဲမှာလဲမဟုတ် ကိုကြီးရဲ့
အိစက်စက်ကုတင်ဖြူကြီးပေါ်မှာ ...
ကို့ရဲ့လက်မှာလဲသေသေသပ်သပ်ပက်တီး
တွေက ဘယ်အချိန်စည်းထားမှန်းပင်မသိ
အလိပ်လိုက်အထပ်လိုက်
ညကအိမ်ပြန်လမ်းကိုကြီးကားထဲမှာပဲ
သတိထားနေရင်းအိပ်ပျော်သွားမိခဲ့ခြင်းပင်
မြိန်ရှက်လွန်းတဲ့ အလိုမပြည့်နိုင်ဖွယ်
ကိုကြီးနှုတ်ခမ်းဖူးလေးရဲ့
အထိအတွေ့ခံစားချက်တွေကို
အခုထိအလွတ်ပြန်ရနေတုန်းအနေအထားနောက်ဆုတ်မယ်ဆိုတဲ့ စိတ်မပါလက်မပါ
စကားလုံးတွေကို ညကအထပ်ထပ်ပြောခဲ့ပါရက်
မိုးလင်းမျက်လုံးပွင့်တော့လဲ အတွေးတွေက
ကိုကြီးနဲ့ စပြန်တာပါပဲလေ .....ယဲ့တဲ့တဲ့လေးရပ်လိုက်ရင်း
မျက်နှာသစ်သန့်စင်ရန် ရေချိုးခန်းထဲကို
အရင်ဦးစွာ ၀င်ခဲ့လိုက်သည်...............
အပြင်ပန်းရာသီဥတုအေးနေပေမဲ့
အပူတပြင်းမတိုက်ဆိုင်တဲ့ဆန္ဒတွေ....
သက်ပြင်းတစ်ချချထယ်ယောင်းဘက်မှလဲ
အနည်းငယ်မျှလျော့ပေးမဲ့ပုံမပေါ်...''ထယ် သူ့ကိုခေါ်ထားမှာပဲ မောင်... ´´
အိမ်ထောင်တစ်ခုကိုတည်ထောင်ပြီးရင်
အပေးအယူမျှဖို့ကအဓိကပင်
ဖြစ်ချင်တဲ့ဆန္ဒတွေမတိုက်ဆိုင်တော့ရင်
စိတ်ကျဥ်းကြပ်အချဥ်းများတဲ့အိမ်ထောင်
တစ်ခုအဖြစ်မောင်တွေးထင်သွားမှာကိုလဲ
စိုးတထိန့်ထိန့်ဖြစ်ရသည် ...အကျီချွတ် ဂျင်းဘောင်းဘီနဲ့
ဆံပင်တွေကိုလက်နဲ့လှန်တင်လိုက်ရင်း''မောင်ပြောပြမယ် ထယ်အခုမှတွေ့တဲ့
ညီလေးနဲ့ ထယ်အတူတူနေချင်တာမှန်တယ်
ဒါပေမဲ့ ကွာ ရက်ပိုင်းလောက်နေတာမျိူးပဲ
ထယ်စီစဥ်သင့်တယ်လေ ...
ထယ်ကအိမ်ထောင်ကျပြီးနေပြီ
မောင်ကဒီအိမ်မှာ ထယ်နဲ့မိသားစု
ဘ၀လေးကိုပဲ တည်ဆောက်ချင်တာ... ´´မောင့်အတ္တကလဲအမှားကြီးမဟုတ်ပါဘူး
သူ့မှာမိသားစုဆိုလို့ထယ်ပဲရှိရှာတာ
အိမ်ထောင်တစ်ခုကိုတည်ထောင်ထားပြီး
ယောက်ျားနဲ့နှစ်ယောက်ထဲနေချင်တာကလည်း
မှားနေတယ်လို့ပြောလို့မှမရချေတာ...