ဘယ်လိုမှမဖြစ်နိုင်လွန်းတဲ့
ယောက်ျားလေးတစ်ယောက်ရဲ့
ကိုယ်၀န်ဆောင်ခြင်းတဲ့လား...
လက်ပေါ်ကကြက်သိန်းမွှေးညှင်းတွေကြောင့်
အားကုန်အော်ရီရင်းခုန်ပေါက်မိလိုက်သည်...
မထိန်းနိုင်တော့တဲ့ မျက်နှာကအပျော်တွေက
တစ်ကိုယ်လုံးကနေထွက်နေသလို...
ပျော်ရွှင်အူမြူးရင်းနဲ့ပင်...
ဒေါက်တာကလဲ...ရုတ်တရက်''ပြသနာတွေအများကြီးရှိပါတယ်... ''
''ဘာပြသနာများရှိလို့လဲ... ''
''ဒါကသဘာ၀ဖြစ်စဥ်မဟုတ်ဘူး
နောက်တော့သူကယောက်ျားလေး
ဒီတော့သူ့အတွက်အများကြီးကို
အန္တာရယ်ရှိနေနိုင်ပါတယ်...''''ဒေါက်တာပြောချင်တာက...''
''ဟုတ်ပါတယ် အသက်အန္တရာယ်အထိပါ
အသက်ရှင်ဖို့ရာခိုင်နှုန်းသိပ်ကိုနည်းပါတယ်''''ဗျာ ကလေးရောဖခင်ရောအဆင်ပြေမဲ့
တခြားနည်းမရှိဘူးလားဟင်...
ကုန်ချင်သလောက်ကုန်ပါစေ ...
ကျွန်တော်အားလုံးပေးမှာပါ... ''''ပြောရမယ်ဆိုရင်ဒီကလေးကိုမွေးရင်
ဒီကောင်လေးရဲ့အသက်ကရှင်နိုင်ဖို့က
10% တောင် မပြည့်ပါဘူး... ''သိပ်ကိုမျက်နှာကြောတင်းသွားတဲ့
ကောင်လေးလဲ ချက်ချင်းပင်...''ဘာ ....!!!! ဒါဆိုဂရုမစိုက်ဘူး
သူတစ်ခုခုဖြစ်လို့မရဘူး ဖျက်ချလိုက်ပါ... ''''လူနာကိုယ်တိုင်ကလတ်မှတ်ထိုးမှ
လုပ်လို့ရမဲ့အရာမျိူးပါ...''''တောက်စ် ဘယ်လိုတွေလဲကွာ
သူကဘယ်လိုမှဖျက်ချမှာမဟုတ်ဘူး...
သူ့အကြောင်းကိုကျွန်တော်သိတယ်'''' ဖျက်ချမယ်ဆိုလဲ ၃လအတွင်းလုပ်မှ
အဆင်ပြေမှာမျိူးပါနော်...အခုတော့
ဆုတောင်းပေးရုံကလွဲပြီးမတက်နိုင်ပါဘူး...''ဆရာ၀န်ရဲ့စကားကြောင့်ခပ်သဲ့သဲ့ရီလိုက်တဲ့သူ
''ဟက်...ဆုတောင်းပေးရုံကလွဲပြီးဟုတ်လား
ကျွန်တော်လုပ်နိုင်တာထက်ပိုပြီးတောင်
သူ့ကိုလုပ်ပေးဦးမှာ လောလောဆယ်တော့
အတော်ဆုံး ဒေါက်တာကိုဆေးရုံအုပ်က
ရှာပေးပါ ပြီးရင်တော့သူ့ခန္ဓာကိုယ်ကို
သေချာစစ်ဆေးပေးပြီး လုပ်သင့်တာတွေကို
ပြန်ပြောပါ.... ''