အခန်းထဲကထွက်လိုက်တာနဲ့
မကြားချင်မှအဆုံးကြားနေရတဲ့
ကို့အမျိူးသားနဲ့တခြားမိန်းကလေးရဲ့
တီတီတာတာ စကားတွေ...
ဟိုးအရင်ထဲကမောင်ကဒီလိုပဲပေမဲ့
အခုလက်ထပ်ပြီးသွားတော့မောင့်ရဲ့
ဒီလိုပုံစံကိုမြင်ရင်စိတ်အဆင်မပြေဘူး
မောင်ကဒီလိုဖြစ်စေချင်တာထင်ပါရဲ့ ...
ကိုရေခဲသေတ္တာထဲကပန်းသီး
ထုတ်နေတုန်းမှာပဲ ...''ဟဲ့ ဟိုမရောက် ဒီမရောက်ကောင်... ''
မကြားချင်ယောင်ဆောင်ပြီး
ဆက်သွားမလို့ လုပ်ပေမဲ့
အနားကိုလာပြီး စောင့်တွန်းကာ''ငါခေါ်နေတယ် နားကန်းနေလား... ''
''ငါ ဟိုမရောက်ဒီမရောက်ကောင်မဟုတ်ဘူး...''
''ဟက် ... ယောက်ျားလိုလို မိန်းမလိိုလိုနဲ့
ဟိုမရောက်ဒီမရောက်မဟုတ်ရင်နင်ကဘာလဲ ...''''.....''
'' နင်က ကိုကိုနဲ့ လက်ထပ်ထားတယ်ဆိုပြီး
သိပ်ပြီး ဖင်ခေါင်းကျယ်မနေနဲ့နော်...
ကိုကိုကငါ့ကိုပဲချစ်တာ ...ဟား ဟား ''''ဒါဆို နင်နဲ့ဘာလို့လက်မထပ်ပဲ
ငါနဲ့လက်ထပ်လဲ .... ''''ဘာ တောက်စ် နင်ကများ ...ဖြန်း !! ''
ဆိုမင်း ကထယ့်ပါးကိုရိုက်တဲ့အပြင်
ပခုံးကနေစောင့်တွန်းတာကြောင့်
အငိုက်မိ ထိုင်ကျသွားရသည် ...
ဒေါသထွက်ပေမဲ့လဲ ခပ်အေးအေးပဲမော့ကြည့်ကာ
ပြန်ကုန်းထရင်း လိမ့်သွားတဲ့ပန်းသီးကို
ပြန်ကောက်ကာမတ်တပ်ရပ်လိုက်သည်ဆိုမင်းကတော့နောက်မဆုတ်ပဲ
အရှိုက်ထိသွားတဲ့စကားအတွက်
အသဲမရဲရန်တွေ့နေသည်...
ရုတ်တရက်ကြီးဒီဘက်လာနေဟန်ရတဲ့
မောင့်အသံ ...''baby .... ''
''ကိုကို baby ဒီမှာ ... ''
ကို့ရဲ့အိမ်ထောင်ဦးစီးသူများရည်းစားမောင်...
မောင့်ရဲ့ခပ်ရဲရဲမျက်၀န်းတွေနဲ့ ၀င်လာချိန်...
ထယ်ဒီအခြေအနေကြီးကိုစိတ်ပျက်နေမိပြီ...''ဒီမှာ ဘာရပ်လုပ်နေတာလဲ ... ''
ဆိုမင်းက မောင့်ခါးကိုဖက်လိုက်ရင်း
''ကိုကိုကသူ့ကိုလက်ထပ်ထားတာတဲ့
ဆိုမင်းကိုသတိထားနေဘာညာနဲ့
သိလား ကိုကို ... ''