Part 23

6.8K 400 39
                                    

မည်သူမှရှိမနေတဲ့ အိမ်ကြီးထဲမှ
ရေစက်ကျသံများဟာအဆက်မပြက်
ရေပန်းအောက်မှာ ဖြူစွတ်နေတဲ့
ကောင်လေးငယ်က အေးစိမ့်နေသော
ကြွေပြားတွေကိုကျောအပ်ရင်း
ချထားတဲ့မျက်လွှာ ...
စိုရွှဲနေသောရေစိုဆံပင်တွေ
ရေစိုအ၀တ်အစားတွေ...
သို့ပေမဲ့ ကာယကံရှင်တစ်ဦးတည်းသာ
သိနိုင်မဲ့မျက်ရည်စိုပါးတွေ...
နောက်ဆုတ်လိုက်ရမဲ့အနေအထားကြီးကြား
ရှေ့တိုးချင်နေတဲ့ခြေလှမ်းတွေ...

တစ်ကိုယ်လုံးလဲအေးစက်နုန်းလာရင်း
နှိပ်စက်လို့မ၀သေးတဲ့ ဘန်ငယ်မချစ်တဲ့
ချို့တဲ့ရာကိုယ်ခန္တာ ...

ဘယ်အရာတွေကများမပြည့်စုံလို့လဲ...
ပိုက်ဆံ...ရုပ်ရည်...အချစ်...ကိုဟာ
ဘက်ပေါင်းစုံမှာပြည့်စုံနေရင်တောင်
ဘန်မချစ်သူပဲမို့ ချို့တဲ့သူပဲပေါ့...

အဆုံးသက်ဖို့ကြိုးစားနေရင်း ...
ဒီခံစားချက်တွေပြီးဆုံးသွားဖို့
တရဆက်ဆုတောင်းနေရင်း...

ချိုမြိန်လွန်းတဲ့တယောသံစဥ်လေးလို
ကို့ကိုခေါ်သံလေးတွေ ရှက်ပြုံးလေးကို
မျက်လွှာလေးချရင်း ပြုံးတက်တာလေးတွေ
အမှတ်တမဲ့မင်းအပေါ်အုပ်မိုးလဲကျမိခဲ့တဲ့
နိဗ္ဗာန်လိုအခိုက်အတန့်လေးတွေ ...

'ဒုန်း'

ညိုမဲနေတဲ့လက်ဆစ်တချို့ပင်
အတွင်းထိရောက်နေပါသော်လဲ
ညှင်းဆဲခြင်းမရပ်တော့တဲ့နေ့တွေ...
ကြွေရေချိူးကန်ဘောင်ပေါ်ကဖုန်းထဲမယ်
Miss call တွေဟာလဲတလဆက်

ထပ်လင်းလာတဲ့ဖုန်းကိုယူရင်း
အသံမပေးကိုင်လိုက်မိသည်...

''ဟယ်လို အကိုလေး....
အကိုလေးဘန်ကိုလေ သူ့အမျိူးသား
ဆိုတဲ့သူက လာပြီးထမ်းပြီးခေါ်သွားတယ်...''

အေးစက်နေတဲ့ခန္ဓာကိုယ်တစ်ခုလုံး
မီးဟုန်းဟုန်းတောက်သကဲ့သို့ ...
ဖုန်းကိုစိတ်ထင်တိုင်းရေချိုးခန်း
ထောင့်တစ်နေရာထံပေါက်ခွဲပစ်ရင်း
ရပ်တန့်နိုင်စွမ်းမရှိတဲ့ခြေလှမ်းတွေ...
...........

''မောင်ထယ်မွန်းနေပြီ လွှတ် ''

ရင်ဘတ်ကိုထုနေတဲ့ထယ့်ကို
လွှတ်ပေးရင်း ထယ့်မျက်နှာလေးကို
အလွမ်းပြေ စေ့စေ့စပ်စပ်
စိုက်ကြည့်နေမိသည်...
မောင့်ဘ၀အမှောင်ကျတဲ့အထိကို
ထယ့်ဘ၀ကိုအလင်းပေးချစ်လာသူမို့
မောင်ဒီစကားကိုပြောဖို့လက်မရွံ့ခဲ့ဘူး

My young and wild husbandМесто, где живут истории. Откройте их для себя