ကိုအိပ်နေရာကနေ နိုးလာချိန်
ကို့ဘေးမှာမောင်ကရှိမနေခဲ့ဘူး
မောင်မနက်စာတစ်ခုခုကို
စီစဥ်နေပြန်ပြီလား အမှတ်နဲ့
ခပ်ပြုံးပြုံး ကိုယ်လက်သန့်စင်ပြီး
အောက်ထပ်ကိုခပ်ဖြေးဖြေး
ဆင်းလာလိုက်သည် ...ကိုလှေကားတစ်၀က်ရောက်ချိန်မှာ
အောက်ထပ်ကကြားရတဲ့
အမျိူးသားတစ်ယောက်အသံ ...
ကို့ခြေလှမ်းတွေကိုရပ်နားစွင့်ကြည့်တော့''ငါပြန်ရောက်လာတာက ဒီက
လုပ်ငန်းတွေကိုလက်လွှဲယူဖို့နဲ့
စီးပွားဖက်မဟာမိတ်ရှာဖို့ဆို
ပိုပြီးမှန်လိမ့်မယ် ... ''''ဘာပဲဖြစ်ဖြစ်
အကို နမ်ဂျွန်းရောက်လာတာကို
ထယ်သိရင် ၀မ်းသာနေတော့မှာ... ''အကိုနမ်ဂျွန်း... သူကကိုတို့ခက်ခဲနေချိန်မှာ
အများကြီးအကူအညီပေးခဲ့တာ...
မောင့်ရှယ်ယာတွေတိုးပွားလာအောင်
မောင့်အမေရဲ့အရှုံးပေါ်လုလု
Company ကိုအမြတ်အစွန်းမထုတ်ပဲ
အဖက်ပြန်ဆည်ပေးခဲ့တာ...
မောင့်ရဲ့အကို၀မ်းကွဲဆိုလဲမမှားသလို
ကို့ကိုလဲညီအရင်းအချာလိုသိပ်ချစ်ရှာတာကိုသိပ်ပျော်ပြီး လှေကားထစ်ပေါ်က
ခပ်သွက်သွက်ဆင်းကာ အကို့ကို
ဆီးကြိုဖက်လိုက်မိသည်...''အကို ပြန်ရောက်လာတာလား
သတိရနေခဲ့တာ ပြန်မသွားနဲ့တော့နော်...''မောင်က မျက်ခုံးတစ်ချက်ပင့်ရင်း
ခပ်သေးသေးလက်မောင်းကိုနောက်မှ
အားပါပါပြန်ဆွဲကာ....''ပြန်ခွာလိုက်တော့ရပြီ... ''
''အိုး ဂျွန် မင်း ကို့အကိုနဲ့တောင်မှ
အူတိုတယ်ပေါ့လေ ဟုတ်လား... ''''ကျွန်တော်က အကို့လိုလူနဲ့မပြောနဲ့
ထယ်သိပ်ချစ်ပါတယ်ဆိုတဲ့
ကြယ်ပန်းလေးတွေနဲ့တောင် ထယ့်ကို
သ၀န်တိုတာဗျ... ''''အမလေး ထယ်ယောင်း မင်းနေ့စဥ်ဘ၀ကို
သူ့လိုလူနဲ့ဖြက်သန်းရတာအဆင်ပြေရဲ့လား ... ''အကိုကမေးလေးငေါရင်းမေးလာတော့
မောင်က ကို့ပုခုံးပေါ်လက်တင်ရင်း''အကိုကလဲ အဲ့လိုတော့မပြောပါနဲ့
ထယ့်ကို ကျွန်တော်တကယ်ချစ်တာပါ...''