Final

14.9K 471 81
                                    

ဘယ်လိုအမှားတွေကိုပြောနေတာများလဲ
ဒါဘယ်လိုမှမဖြစ်နိုင်ပါဘူး မောင်က
တကယ်ပဲ ဒါကြောင့်ကိုယ့်ကိုငြင်းခဲ့တာလား
ဒါကြောင့်မောင်ကခါးခါးသီးသီး
ကို့ကိုပြောဆိုခဲ့တာများလား ....

''မောင်...´´

မျက်လုံးရဲ့အလျင်ကဘေးထိုင်ခုံက
မောင့်ဆီကို ချက်ချင်းဆိုသလို...
ပါးပေါ်တင်နေတဲ့မျက်ရည်တွေကို
အပြုံးမျက်နှာနဲ့ဖုံးရင်းလိမ်ဦးမလို့လား မောင်
အခုလိုမျိူး မောင်ငိုခဲ့တာလား
မလိုချင်ဘူးလို့ ကိုယ့်ကိုအော်ရင်း
မောင်တစ်ယောက်ထဲကြိတ်နာကျဥ်ခဲ့တာလား

''လောဘကြီးလွန်းလိုက်တာမောင်ရယ်
နာကျဥ်စရာတွေကိုတောင်
တစ်ယောက်ထဲအပိုင်သိမ်းမယ်ပေါ့...´´

ဒီလိုလုပ်လို့ရမလား ရမလား
ကို့ထက်အငယ်မောင်ရယ် ...

''မောင် ပြောမထွက်လို့ပါ
တောင်းပန်ပါတယ်...´´

''မောင်...!! ´´

ကိုအော်တော့ခေါင်းဟာအောက်ကိုငုံ့လို့ရယ်

''မလိုဘူး တောင်းပန်စရာလည်းမလိုဘူး
ကလေးလည်းမလိုဘူး ....!!
မောင်စိတ်မပင်ပန်းရင်တော်ပြီ ...´´

ကလေးကိုသိပ်ကြိုက်လွန်းတဲ့ ထယ်က
မောင့်နဲ့ပက်သက်လာပြန်တော့လည်း
ယတိပြက်ပါပဲလား ....
အနွေးထည်လေးတွေလဲကြမ်းပြင်နဲ့ထိအောင်
ကျုံ့ကျုံ့လေးထိုင်ချလိုက်တဲ့ထယ်

''ကလေးလည်းမလိုဘူးတဲ့လား
ဘယ်လိုတောင်ခက်ခဲတဲ့စကားလည်းထယ်
သားကြားရင်စိတ်မကောင်းဖြစ်တော့မှာပဲ ...´´

''မောင့်ဟာပြီးပြည့်စုံလွန်းတဲ့ယောက်ျားပါ
ထယ် မောင်အပေါ်ဆန့်ကျင်ခဲ့သမျှအတွက်
မောင့်ကိုတောင်းပန်ပါတယ်နော် ´´

ဆောင်းခတ်သံလေး ရှိုက်ပဲ့တင်ရင်း
ပွေ့ဖက်ပြောလာသမျှဟာ
ပင်ပန်းရသမျှအတွက် အားဆေး
ပီတိတွေမဟုတ်လား ...

''အရမ်းစိတ်မထွေပြားကြပါနဲ့
အများကြီးလည်းကောင်းသွားနိုင်တယ်
50/50 ဆိုတော့ စိတ်ရှည်ရှည်နဲ့ result ကို
စောင့်ပေးစေချင်ပါတယ်...´´

Jimin လဲ ဂျီ၀န်း နောက်ကိုဆွဲထားရင်း
ခပ်ဖွဖွခေါင်းလေးကိုပွတ်ပေးနေသည်
Jk က ထယ်ယောင်းပုခုံးလေးကိုဖွဖွ
မကိုင်ထားလိုက်ပြီး အခန်း၀ကို
ပြန်လျှောက်လာလိုက်သည်

My young and wild husbandTempat cerita menjadi hidup. Temukan sekarang