Part 7

10.6K 742 32
                                    

အိမ်မက်ဆိုးကြားတုန်တုန်လှုပ်လှုပ်နိုးလာရတဲ့
မနက်ခင်းတိုင်းကိုသိပ်မုန်းတယ် ...
ခါတိုင်းနေ့တွေလိုပဲအောက်ထပ်ကိုဆင်းတော့

'' အကိုလေး... ''

ကို့တစ်သက်လုံးအိမ်တော်ထိန်းနဲ့အတူရှိခဲ့ပေမဲ့
ဘာစကားတစ်ခွန်းရယ်မျှ ပြောခဲ့ခြင်းမရှိ...
အခုအထွေအထူး လာခေါ်တော့
စိတ်၀င်စကားလှည့်ကြည့်လိုက်သည်...

''အဲ့ဒီနေ့ကကိစ္စတွေအတွက်...
အခုထိနာကျဥ်နေတုန်းပဲလား... ''

❗️......အမှုဖြစ်ပွားတဲ့ည.....❗️

''အမေ့...!!! ''

ကလေးငယ်ရဲ့သည်းပြင်းစွာအော်ဟစ်သံကြောင့်
ဂိုဒေါင်ခန်းထဲကအိမ်စောင့်လင်မယားက
ခပ်မြန်မြန်အိပ်ယာထကာပြေးလာခဲ့သည်...
မြင်လိုက်ရတာကတော့သွေးတွေပန်းထွက်နေတဲ့
မျက်လုံးပွင့်နေတဲ့အိမ်ကြီးရှင်သခင်မအလောင်းနဲ့
သူ့ကိုရက်ရက်စက်စက်ဆေးကြောင်ပြီး
သက်ဖြက်လိုက်တဲ့ယောက်ျားဖြစ်သူ...
ကို့အမေဖြစ်သူကသွေးအိုင်ကြီးထဲ
အသက်ပါသွားခဲ့ရတာကိုတိုက်ရိုက်ကို
ရှင်းရှင်းလင်းလင်းကြည့်ရင်းငိုနေတဲ့သူဌေးလေး
ဘယ်လို၀ဠ်ကြွေးမျိူးပါလိမ့်...
သိပ်ပူလောင်နာကျဥ်လိုက်မဲ့ဖြစ်ခြင်း
သိပ်ကိုကြောက်ရွံ့တုန်လှုပ်လိုက်မဲ့ဖြစ်ခြင်း...
မြင်နေရက်သားနဲ့အရွယ်ငယ်မို့
ဘာဆိုဘာမှမလုပ်ပေးနိုင်ခဲ့လို့
သေတဲ့အထိနောင်တ တပွေ့တပိုက်နဲ့
ယူကြုံးမရဖြစ်လိုက်မဲ့ဖြစ်ခြင်း...
ဟိုအကြီးကောင်လေးကတော့
အတော်လေးဖျားနေတာမို့ဆေးအရှိန်နဲ့
အခန်းထဲအိပ်မောကျနေခဲ့သည်...
ရဲစခန်းကလဲဖမ်းခေါ်သွားခဲ့ပြီး
ညတွင်းချင်းအိမ်တွင်းရှင်းလင်းမှုတွေကို
ဆောင်ရွက်ပြီးအပြီးသက်ခဲ့သည်...
ဘာမှမသိပဲနိူးထလာတဲ့ခပ်ပိန်ပိန်
နေသေချာမကောင်းသေးတဲ့ကောင်လေး
ပစ္စည်းတွေသိမ်းဆည်းနေတဲ့
အိမ်အကူအဒေါ်ကိုကြည့်ရင်း....

''အန်တီ ... ဘာလို့လဲဟင် ... ''

''သားလေး...ညကလေ... ''

ဘယ်လိုမှလိမ်လို့မရတဲ့အိမ်ဦးခန်းက
ဘောင်နဲ့ အဖေ့မိန်းမရဲ့ပုံ ....

My young and wild husbandWhere stories live. Discover now