''MILE ကိုခေါ်သွားပြီး JOEN နဲ့အခု
တွဲနေတဲ့သူဆိုပြီး သူနဲ့မိတ်ဆက်ပေးရင်ရော... ''Jk ပခုံးပေါ်လက်လှမ်းတင်ရင်း
အပြည့်အ၀ကူညီမဲ့မျက်၀န်းပေမဲ့...'' အဲ့လိုကအဆင်ပြေမှာမဟုတ်ပါဘူး''
Jk ကခေါင်းကိုခပ်သဲ့သဲ့ခါလိုက်ရင်း
ပခုံးပေါ်ကလက်ကိုတွန်းချကာ
အတိအလင်းငြင်းလိုက်ခြင်းဖြစ်သည်...''ဟာ JOEN ကလဲ တို့နဲ့ JOEN တစ်ခါ
တွဲလာတုန်းကတောင် သူမျက်နှာပျက်နေတာ
တို့သေချာသတိထားမိပါတယ် ခုတို့ပြောသလို
လုပ်လိုက်ရင် သူသေချာပေါက် JOEN ကို
စိိတ်ဆိုးပြီး ဒီကိုယ်၀န်ကိုဖျက်ချဖို့သဘောတူမှာ... ''''ဟင့်အင်း... သူ့ကိုယ်သူတစ်ခုခုလုပ်လိုက်မှာကို
အရမ်းစိုးရိမ်တယ် ကိုလိုချင်တာက
သူကလက်ခံပြီးဆေးရုံမှာအန္တရာယ်ကင်းကင်း
ကုသမှုခံယူဖို့ကိုပဲ.... ''''အော် တို့လဲသေချာလေးစောင့်ကြည်ပေးမှာပေါ့
JOEN ရယ် ... တို့တကယ်စိတ်မကောင်းလို့ပါ
JOEN ရဲ့အဖြစ်အပျက်တွေကို... ''အကြံပေးစကားတွေကိုထားခဲ့ပြီး
လောလောဆယ် မောင့်ထယ်ရှိရာအိမ်ကို
ပြန်မည့်အထမှာ.....''ကယ် ဒါဆို ဒီလိုလနုတဲ့အချိန်အတွင်း
JOEN မှာတခြားနည်းလမ်းများရှိလို့လား...
JOEN ဒါ သူ့အသက်နဲ့ဆိုင်နေတာနော်... ''အားကုန်နေတဲ့ ခပ်ရဲရဲမျက်၀န်းက
သိပ်ကိုကူကယ်ရာမဲ့နေခဲ့ပြီ...
ဒီနာကျင်နေဟန်မျက်၀န်းအောက်မှာပဲ
တရွေ့ရွေ့ကုန်ဆုံးသွားတဲ့အချိန်တွေနဲ့အတူ
တဖြေးဖြေးကြီးပြင်းလာတဲ့
အမြဲချစ်ဖို့ကောင်းနေခဲ့တဲ့ ကောင်လေး...
ဒီကောင်လေးရဲ့အသက်ထက်
အရေးကြီးတာက နောင်ဘယ်သောအခါမှ
ရှိလာမှာမဟုတ်တာမို့ ကိုပဲအမုန်းခံရင်း
ရင်ကွဲခံဇာတ်ကချေမည်..............
အိမ်မှာရေမိုးချိူးပြီးအတန်ကြာနားပြီးတဲ့ထိ
မောင်ကရောက်မလာသေးပေ...
မောင်သိပ်စိတ်ကျဥ်းကြပ်သွားလားမသိဘူး
မောင်ကကို့ထက်စာရင်ငယ်သေးသူပီပီ
ကလေးတွေဘာတွေဆိုတော့
ချက်ချင်းကြီးစိတ်ညစ်မိတာ
ဖြစ်ကောင်းဖြစ်နိုင်တာပဲမို့
မောင့်အပေါ်နည်းနည်းမှ
စိတ်မကွက်ရက်ဘူးမောင်