''ကြီးကြီးကအရမ်းစိုးရိမ်ရတာလား...''
''အများဆုံးခံလပိုင်းပဲလို့
doctor ကပြောလိုက်ထဲက အမေက
ဆေးရုံဆင်းပြီးအိမ်မှာနားချင်တယ်လို့
တကျီကျီပြောခဲ့တာ ဆေးရုံကဆင်းလာတာ
လပိုင်းလောက်ကြာနေပြီဆိုတော့ ...''ခပ်၀ဲ၀ဲအသံတွေကစို့တက်သွားရင်း...
''နေ့လား ညလားတောင်မသေချာပါဘူး
အကိုတို့ရောက်လာတာ တကယ်ကို
ကျေးဇူးတင်ပါတယ်ဗျာ အမေက
ခဏခဏမေးနေတာ ... ''''အကိုတို့လဲကြားထဲမှာပြသနာလေးတွေ
များနေခဲ့လို့ပါ ကြီးကြီးကကိုတို့မိသားစု
၀င်လိုပဲသတ်မှတ်ထားတာမို့ တကယ်ကို
စိတ်မကောင်းပါဘူး ... လိုအပ်တာရှိရင်လဲ
အကို့ကိုအချိန်မရွေးပြောနိုင်ပါတယ်...''ငိုယိုနေတဲ့သားဖြစ်သူပုခုံးကိုလက်ချောင်း
လေးတွေနဲ့ပုတ်ကာ ... အားပေးနှစ်သိမ့်
နေရာမှ ခပ်ကျယ်ကျယ်ထွက်လာတဲ့အော်သံ''ကြီးကြီး...!!!! ဟင့် မောင်....!!! လာပါဦး
...ဟင့်...ဒီမှာကြီးကြီးဘာဖြစ်တာလဲမသိဘူး
မောင်....!!!! ဟင့်ဟင့်... ကြီးကြီးရေ ...!! ''တုန်ယင်နေတဲ့ငယ်သံပါအောင်အော်ငိုတဲ့
ထယ်ယောင်းအသံကြားချိန်မှာ
Jk ကရှေ့ဆုံးကနေပြေး၀င်ရင်းအိမ်တံခါးကို
၀ုန်းခနဲမြည်အောင်ဖွင့်ချလိုက်သည်...
သားဖြစ်သူလဲအိမ်ခန်းထဲကိုပြေး၀င်ရင်း
အသည်းအသန်ငိုကာအမေဖြစ်သူနား
ချက်ချင်းပြေးကပ်သွားသည် ...
မလှုပ်ရှားတော့တဲ့ကြီးကြီးဘေးမှာ
ဒူးထောက်ခွေကျပြီ တက်မတက်ရှိုက်ငိုနေတဲ့
အိမ်သူလေးထယ်ယောင်းဆီ
Jk ချက်ချင်းပြေးထူလိုက်သည်''ထယ် ... ထယ် သတိထားလေ ထယ်... ''
''ဟက်....ဟာ့....''
''ထယ် ... ထယ် ....!! ''
ထယ့်ကိုခေါ်နေသံတွေကတဖြေးဖြေး
တုန်ယင်လာပြီဖြစ်သည် ...
ဗလောင်ဆူနေတဲ့ ပူထူရာရင်ခွင်ကျယ်ကြီးထဲ
ထယ့်ကိုချီမထည့်လိုက်ပေမဲ့
မတ်တပ်တော့မရပ်သေး....''မောင်ပြောတာကြားလား ထယ်...
စိတ်လျော့လိုက်နော် ထယ် အသက်ကို
ပုံမှန်လေးရှူနော်ထယ်...ထယ်...!
စိတ်ကိုတင်းမထားနဲ့ ''