Part 26

6.1K 356 38
                                    

အချစ်ဆိုတဲ့အရာက စကားလုံးတွေနဲ့
ဘယ်ဖော်ပြလို့ရနိုင်မှာလဲ
ဖော်ကျူးရင် ဖော်ကျူးသလောက်
အဆုံးမရှိပင်လယ်ကြီးလို
ဖွဲ့သီလို့ဆုံးနိုင်မည်မထင်...

ရူးသွပ်တယ်ဆိုတာကလဲ
စွဲလမ်း မြတ်နိုးရတဲ့စိတ်ပေါ်မူတည်ပြီး
အနည်းအများ ကွာသွားမှာ
မဟုတ်ပါပေလား ...
များများ စွဲလမ်းရင် များများရူးမယ်
အနည်းကျဥ်းစွဲလမ်းရင် နည်းနည်းရူးပေါ့
ကို့လိုတစ်ဘ၀လုံးနဲ့အလဲအလှယ်
လုပ်နိုင်ရအောင် စွဲလမ်းနေသူအဖို့
လိုက်မှီနိုင်မဲ့ ရူးသွပ်ခြင်းစာလုံးတွေက
ဒီလောကကြီးထဲမှာ ကိန်း၀ပ်နေသေးရဲ့လား

တကယ်ချစ်ရင် နိုင်တယ် ရှုံးတယ်
ဆိုတာက မရှိဘူး ...
အချစ်အတွက်ဒူးထောက်ရတာကိုလဲ
ရှုံးတယ်လို့ ကိုမသတ်မှတ်ဖူးဘူး
ချစ်ရသူမျက်နှာ၀င်းနေရင်
အလိုလိုကြည်နူးပျော်ရွှင်ရတယ်မဟုတ်လား

ကို့ဘ၀ရဲ့အချစ်စံနှုန်းတွေကို
ကောင်းကင်ထိခေါ်သွားပေးနိုင်သူက
ဓားသွားတွေလို ချွန်ထက်တဲ့ မောင် ...

ကိုကမချစ်ရင်လဲ လှည့်မကြည့်သလို
ချစ်ပြန်ရင်လဲ အရူးအမူးပေါ့ ...
မောင့်ခြေရင်းက ကို့အတွက်
သိပ်တင့်တယ်ရာပုလ္လင်တစ်ခု...
မောင့်အပြုံးတွေက ကို့ဘ၀ရဲ့
အသက်ရှည်ဆေး...
မောင့်စိတ်နဲ့ပဲ နေထွက်နေ၀င်စေပြီး
သံသရာထဲမှာစွဲလမ်းရသူမောင်နဲ့
အမြဲတစေ ကျင်လှယ်လိုသည်...
............

' ဖြက် 'ခနဲ မျက်၀န်းတစ်ချက်အဟမှာ
ပြက်သားနေတဲ့ မောင့်ပုံရိပ် ...
ကုတင်ပေါ်ကကို့ကို တစိမ့်စိမ့်
ထိုင်ကြည့်နေသယောင်ယောင် ...
ကောင်လေးနှဖူးကိုပွတ်သပ်ရင်း

''ထယ်... ဘယ်လိုနေသေးလဲ ... ''

''ထယ် အဆင်ပြေပါတယ်... ''

''ဘာ အဆင်ပြေရမှာလဲ သွေးတွေ
အများကြီးဆုံးရှုံးထားလို့အားနည်းပြီး
မေ့လဲသွားတာ ... ဂရုစိုက်ရမယ်
အခုသွင်းထားတဲ့ဆေးထဲ အိပ်ဆေး
လဲပါတာမို့ သေချာနားခိုင်းလိုက်... ''

Jin ရဲ့စကားကိုသေချာနားစွင့်နေရင်း
Jk တစ်ယောက် ချက်ချင်း
ထယ့်ဘက်ကိုပြန်လှည့်လာပြန်သည်
ခပ်တိုးတိုးမောင့်အနိမ့်သံလေးက
အထပ်ထပ်ကြားချင်စဖွယ်...

My young and wild husbandDove le storie prendono vita. Scoprilo ora