ခြံတစ်ခုရှေ့မှာကပ်ရပ်လိုက်တဲ့
ကားတစ်စီးအတွင်းမှာလဲ
ကူရှင်မြင့်မြင့်တွေကနေရာယူထားပြန်သည်
ခြံကိုအနီးကပ်လာရင်း ခုန်ကာ
တောင်ချောင်းမြောက်ချောင်းချောင်းနေရာမှ
ကြားလိုက်ရတဲ့ခပ်တိုးတိုးအသံ''ဂေါင်းဆွန်းရား...ငါလာပြီ ...''
ပြေးထွက်လာတဲ့အဖြူရောင်အကျီနဲ့
ခပ်လှုပ်လှုပ်ကောင်လေးငယ်
ခြံကသံတိုင်တွေပေါ်တွယ်တက်နေချိန်''ဂျီ၀န်း ဖြေးဖြေးနော်
သတိကပ်ထား ချော်ကျမယ်...''ခြံစည်းရိုးကသံတိုင်ကိုစွဲဖက်ထားရင်း
''ဟုတ်တယ် ငါသေလို့မဖြစ်ဘူး
ငါဒီည ဘီယာလဲသောက်ရဦးမယ်
အနာဂတ်မှာလဲယောက်ျားယူရဦးမယ်... ''''အော် ငါ့ထက်ပိုဆိုးနေတယ်...
လာလာ ငါကူရှင်တွေချပေးမယ်
အဲ့ပေါ်ကိုသေချာခုန်ချ ... ဖြေးဖြေးနော် ''''ဘာမှမဖြစ်ပါဘူး ကိုကြီးနောက်ကို
ခိုးရာလိုက်ဖို့ train နေတယ်လို့ပဲ
သဘောထားလိုက်မယ်...''''ဟဲ့ အဲ့လိုဆိုမှ ဂျီ၀ွန်း
နင်တော်တော်လင်လိုချင်နေတာပဲ...''''လက်လွတ်စပယ်မပြောနဲ့နော်ဟဲ့...''
''မဟုတ်ဘူးပေါ့လေ ...''
''ဟုတ်တယ် ဒါပေမဲ့ကိုကြီးကိုပဲယူမှာ''
ကလေးဆန်ဆန်အပြုံးလေးကရင်ထဲ
အသည်းထဲထိအေးဖွယ် ကူရှင်ပေါ်ခုန်ချ
ကားပေါ်ရောက်မှဖိနပ်၀တ်ကာ
club ကိုဦးတည်ထားတဲ့ကားဘီးဖြင့်
လီဗာဆွဲကာလမ်းထဲမှထွက်သွားကြသည်.............
အပြင်ကနေအခန်းထဲ၀င်လာတော့
ကို့ရဲ့မောင်က၀တ်စုံပြည့်နဲ့ကုတင်ပေါ်မှာ
စူပုပ်ပုပ်နဲ့ရယ် ... ဒီလိုကျတော့လဲ
တကယ့်ကလေးလေးလိုမို့ ရီနေရုံမှ
တခြားမတက်နိုင်...