ကြယ်သီးတွေလဲမရှိတော့တဲ့
အကျီလေးကို ကောက်ယူဖို့တောင်
ထဖို့ခက်နေတဲ့အနေအထား
ပထမဆုံးမို့ အတော်လေးကို
ခန္ဓာကိုယ်ကနာကျင်မိနေသား
ဘာပဲဖြစ်ဖြစ်လေ အကျီပြာလေးကို
လက်ကမ်းလိုက်တော့ ကိုကြီးက
ထိုင်ရပ်ကနေထပြီ ကောက်ပေးရှာကာ
အကျီကို ကို့ပခုံးပေါ်ခြုံပေးလိုက်ရင်း''အရမ်းနာသွားလား... ´´
''အခုမှလာမေးမနေနဲ့ ... ´´
ကိုယ့်ကိုဆိုဖာပေါ်က ပွေ့ချီလိုက်ရင်း
ကိုကြီးရဲ့အခန်းထဲကိုခေါ်ယူကာ
ကုတင်ပေါ်ကို ဖြေးဖြေးချပေးသည်နီးမြန်းနေတဲ့ပါးလေးတွေကို
စွဲကိုင်လိုက်ရင်း စေ့စေ့ကြည့်ပြောလာတဲ့
ကိုကြီးရဲ့စကား....''ကိုအားလုံးကိုတာ၀န်ယူတယ်နော်
ကိုတို့တွေလက်ထပ်ကြမယ်...´´''ကိုကြီး မှ ဂျီ၀န်းကိုမချစ်တာ...´´
''ဂျီ၀န်း မင်းကိုယ့်ကို တကယ်ပဲ
တိရိစ္ဆာန်လို့ထင်နေတာလား...!
ကိုမင်းကိုမချစ်ရင်ဒီလိုအခြေအနေထိ
ရောက်လာပါ့မလားဟမ်...´´ကိုကြီးဒီလိုပြောလာတော့လဲ
အငြိမ်သားရယ် မျက်လုံးလေးတွေ
လွှဲလိုက်တော့ ...''ခုတော့ ခဏအိပ်လိုက်နော်
ပင်ပန်းနေတယ်မလား ကိုဆိုဖာကို
သန့်ရှင်းရေးလုပ်ပြီးပြန်လာခဲ့မယ်...´´ခေါင်းကိုဖြေးဖြေးငြိမ့်ပြတော့
စောင်ထူထူကိုကျောပေါ်ထိခြုံပေးရင်း
ခြေလှမ်းဖွဖွတွေနဲ့အပြင်ကို
ထွက်သွားပြန်သည်................
''ကယ် မောင်သွားတော့မယ်နော်...´´
မောင်ကကားထဲမှာထိုင်ရင်း ကို့ကို
လက်ပြနှုတ်ဆက်နေပြန်သည်...''ထယ် မောင့်ကို ပြောစရာရှိနေတာလား ´´
ပြုံးရမလို မဲ့ရမလိုအနေအထား
လက်သီးစုတ်လေးကိုအားတင်းရင်း''ပြောစရာကရှိတယ် သတင်းကောင်းလား
သတင်းဆိုးလားဆိုတာကတော့
ထယ်ကိုယ်တိုင်ေ၀ခွဲမရတော့ဘူး´´''ဒါဆိုပြောလေကွာ ... ´´
''ဟင့်အင်း ထယ်အများကြီးတွေးပြီး
အားမွေးထားမယ်... မောင်ပြန်လာရင်
ထယ်ကိုယ်တိုင်ပြောမယ်... ´´