နွေးထွေးနေတဲ့လက်ထိပ်ခံစားမှုက
မမြင်ရလဲသိနေတဲ့ပြတင်းပေါက်ထံမှ
နေခြည်နွေးနွေးထိုးနေဟန်
ခံစားမိနေလဲဖမ်းဆုတ်ထားခွင့်
မရှိတဲ့ နေရောင်ခြည်လေးက
မောင့်ရဲ့မြတ်နိုးလဲ
အနားမှာထားခွင့်မရှိတဲ့ ထယ့်လို...
ရုတ်တရက်အခန်းတံခါးဖွင့်သံကို
ကြားလိုက်ရပြီးနောက်...'' Joen... အခန်းထဲမှာပျင်းနေပြီလား...
ကိုနဲ့မြို့ထဲလျှောက်သွားကြမလား... ''မျက်လုံးသေဖြင့်တည်ငြိမ်စွာ
''သွားလဲဘာမှမြင်ရမှာမှမဟုတ်တာ...
မသွားတော့ပါဘူး... ''''Joen....
တစ်ဘ၀လုံးကိုဒီလိုမျိူး
ပိတ်လှောင်ထားလို့ ဘယ်ဖြစ်မလဲ ...
လာပါ... mile လိုက်ပို့ပေးမယ်... ''အတင်းလက်မောင်းတွေကိုဆွဲထူနေသော
Mile ကြောင့်စိတ်မသက်မသာထလိုက်သည်jk pov (mile ကိုတော့အတော်လေးကျေးဇူးကြွေးတွေတင်နေမိပြီ တစ်နေ့တစ်နေ့ကို့အလုပ်တွေမငြီးမငြူကူညီပေးနေသူမို့ တဖြေးဖြေးဆက်ဆံရေးလဲကောင်းသလို အားလဲနာလာမိသည်... )
..........အကျီတချို့၀ယ်ယူပြီးချိန်ထိ
ဘန်လေးကနည်းနည်းမှစိတ်မပါ
လွင့်နေဟန်ရတဲ့စိတ်အစုံနဲ့
ကောင်လေးမို့ ....'' ဘန်လေး ဘာကြိုက်လဲဟင်
ဘာစားချင်လဲ ''''ဘန်က ... ခေါက်ဆွဲ...''
ဆက်ပြောရမှာတွေရပ်တန့်သွားသလို
ဆက်မထွက်လာတော့တဲ့
စကားလုံးတွေ...tae pov (မောင်မကြိုက်တဲ့ခေါက်ဆွဲကိုထယ်တစ်သက်လုံးမစားတော့ဘူးလို့ပြောခဲ့တာ ခုတော့မောင်ရယ်...)
''ဟင်.... ဘာလို့တိုးတိုးလေးပြောနေတာလဲ ခေါက်ဆွဲလား ကို၀ယ်ကျွေးမှာပေါ့ ... လာ''
''ဟင့်အင်း ဘန်မစားဘူး... ''
''လာပါဘန်ရယ်ဒီအောက်ထပ်မှာဆိုင်က
အရမ်းစားလို့ကောင်းတာ ... ''''ဟင့်အင်း''
'' ဘန်လာ ဟိုးထောင့်က၀ိုင်းဆီသွားမယ် ''
ငြင်းနေတဲ့ကောင်လေးငယ်လက်ဖ၀ါးကို
အသေအချာမလွှတ်တမ်းကိုင်ဆွဲရင်း
ခေါက်ဆွဲဆိုင်ငယ်လေးရဲ့
ထောင့်အစွန်က၀ိုင်းမှာထိုင်ခါနီး
ကို့ထိုင်ခုံနဲ့တည့်ဖြစ်နေတဲ့
မောင်ထိုင်နေရာခုံ ဘေးမှာလဲ
ကိုမုန်းရာအမျိူးသမီးကရီမောလျှက်...
ချုပ်ရာတွေပင်တစ်ဆစ်ဆစ်နာကျင်လာရင်း
မောင့်မျက်၀န်းတည့်တည့်ကို
မျက်ရည်ဆုံကျနေသောမျက်၀န်းဖြင့်
စူးစိုက်ရင်းကြည့်လိုက်သည်...