အိစက်နေတဲ့အိပ်ယာကြီးပေါ်
သိပ်မူးနောက်နေတဲ့ခေါင်းနဲ့
ခပ်ယိုင်ယိုင်ကောင်လေး...''အာ....!!! ခေါင်းမူးလိုက်တာ ...ဟင့်''
''ခေါင်းအရမ်းမူးလို့လား
အအေးသောက်မလား....''ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်
နိုးပေမဲ့မဖွင့်သေးတဲ့မျက်စိလေးပင်
ပြူး၀ိုင်းသွားရသည်....''ဘာလို့သူများအခန်းထဲ၀င်နေတာလဲ ... ''
''အော်.... မနေ့ကကျတော့လဲ သူပဲ ...''
''ဟင် ဘာမနေ့ကလဲ ... ''
''ဟာ ဘန်လေးနော်... ''
တ၀ိုး၀ိုးတ၀ါး၀ါးဖြစ်လာတဲ့
မှတ်ဥာဏ်တွေက
တဖြေးဖြေးရှင်းလင်းလာရင်း
စိတ်လွတ်ပြီးလုပ်ခဲ့မိသမျှကို
မြင်ယောင်မိလာသည်...''အဲ့ဒါ ... ဘန်မဟုတ်ဘူး....
ဘန်လဲသေချာမရှင်းပြတက်ဘူး ...''''ဒီလောက်ကြီးစူပုပ်မသွားပါနဲ့ကွာ
ကိုသိပါတယ် ဘန်ဆေးတစ်ခုခုမိသွားလို့
ဆိုတာကို ဒါကြောင့် ကိုဘာမှမလုပ်ခဲ့တာ...
ကိုကလေ ဘန့်စိတ်ရင်းနဲ့ပေးတာမှမဟုတ်ရင်
ဘယ်ဟာကိုမှအတင်းကြပ်မလိုချင်ဘူး.... ''''ခုလိုဘန့်ကိုထိန်းပေးတဲ့အတွက်
အကို့ကို ကျေးဇူးတင်ပါတယ်
နောက်တော့ အားလဲနာရပါတယ်... ''''ဘန်... ကို့ကိုချစ်လား .... ''
''ဗျာ.....''
သိပ်ပြီးနူးညံ့နေလွန်းတဲ့အကြည့်တွေ
ဒီအကြည့်တွေနဲ့မလဲနိုင်တာက
အမြဲအရိုင်းဆန်ခဲ့ပြီး ရင်ထဲထိကျွမ်းအောင်
ကြည့်တဲ့မောင့်အကြည့်တွေ...ကောင်လေးရဲ့မျက်နှာလေးကငုံ့သွားရင်း
''ဘန် မချစ်ဘူး... ''
''ဘန်... ကို့ကိုချက်ချင်းကြီး
အဖြေပေးစရာလိုလို့လား...
ဘန်နည်းနည်းလေးတောင်မှ
မစဥ်းစားတော့ဘူးလား... ''ကိုသိပ်တုန်လှုပ်မိသွားတယ် ပျားအိမ်ငယ်
ကိုပြောမိတာတောင် မှားပြီဆိုပြီး
နောင်တတပွေ့တပိုက်ရမိတယ် ...
ကိုထင်ထားက ကို့အတွက်အခွင့်အရေးတွေ
ရှိလာပြီလို့ထင်ခဲ့မိတာ ...
မင်းကိုပိုင်ဆိုင်ချင်တဲ့ကို့စိတ်ရဲ့
အတိမ်အနက်က အနားနားထားပြီး
ပြုံးပျော်အောင်အမြဲလုပ်ပေးချင်ရုံပါ...