ကိုကဒီလိုလူလုံး၀မဟုတ်ဘူး
တစ်ခုခုကိုအသည်းအသန်လိုချင်စိတ်တွေ
စည်းမျဥ်းတွေနဲ့စာရိတ္တကိုအားလုံးထက်
ပိုပြီးတန်ဖိုးထားတဲ့ကိုက ဒီလိုတဇွတ်ထိုးစိတ်....?
ဒါကိုမင်းပဲဖန်တီးပေးနိုင်တာ...
မင်းကပဲဖန်တီးပေးခဲ့တာ...
ကို့ရဲ့နှလုံးသားမှာမရှိခဲ့ဖူးတဲ့အဆိပ်ပင်ကို
မင်းနှုတ်ခမ်းပါးလေးတွေနဲ့
ရှင်သန်လာစေခဲ့တာ...
မင်းရဲ့လက်ချောင်းသွယ်သွယ်လေးတွေက
ကို့အဆိပ်ပင်ရဲ့မြေသြဇာဖြစ်ခဲ့တာ
မျက်၀န်းပြာပြာလေးနဲ့ရေလောင်းလာခဲ့တဲ့
ကို့ရင်ဘတ်ထဲကအဆိပ်ပင်က
ကြီးလို့ကြီးမှန်းမသိအောင်ပါပဲ ...စူးရှရှမျက်၀န်းတွေရဲ့အရိပ်အယောင်က
တစ်ချိန်ကလိုမျိူးမရိုးရှင်းတော့ဘူး...
မင်းကိုသူလွှဲရိုက်လိုက်တဲ့လက်ဖ၀ါး
မင်းခွင့်လွတ်ရင်တောင်ကို့တစ်သက်
ခွှင့်လွှတ်မှာမဟုတ်ဘူး....''Ring....Ring''
ပေါက်နေခဲ့တဲ့နေရာလေးကကွက်ဖူးနေတဲ့
နှုတ်ခမ်းလေးနဲ့ လည်ချောင်းကိုရှင်းကာ...''ဟယ်လို.... ''
''ဟယ်လို အကိုလေး ဘန်ဘန်ရဲ့
အချိတ်အဆက်ကိုရခဲ့ပါပြီ ...
နောက်အိမ်ထောင်နဲ့နေခဲ့တဲ့လိပ်စာကို
အခုလိုက်သွားနေပါတယ် အကိုလေး... ''''ဟုတ်ပြီ စုံစမ်းစရာရှိတာ အကုန်
တစ်ခုမကျန်စုံစမ်းထား ...
ညကျရင်တွေ့တာပေါ့.... ''.............
ခေါက်ဆွဲ၀ါ၀ါလေးတွေကသိပ်ကို
စားချင်စဖွယ်လေးတွေကို
စကာနဲ့စစ်ယူနေတဲ့လက်ချောင်းသွယ်လေး
လက်ငြိုးကမောင့်လက်စွတ်လေးကို
သတိထားကြည့်မိရင်းနေရောင်ခြည်ဖြာနေတဲ့
မှန်တံခါးလေးဖက်ကိုလက်ဖြန့်ကာ
စူးစိုက်ကြည့်နေလိုက်သည်...အိပ်ခန်းထဲကနေမျက်စိတွေဖိပွတ်ရင်း
မောင်ကအိပ်ခန်းထဲကနေခပ်ဖြေးဖြေး
ထွက်ကာမီးဖိုချောင်ထဲ၀င်လာသည်
ဘေစင်နားမှာခေါက်ဆွဲတွေကို
အာရုံစိုက်နေတဲ့ခပ်ပိန်ပိန်ကောင်လေးနားကို
ကပ်လာရင်းခါးသေးသေးလေးကို
တက်တူးပြည့်နေတဲ့လက်တစ်ဖက်နဲ့
ခပ်တင်းတင်းဖက်ပစ်လိုက်သည်
ထယ့်ကျောပြင်လေးပေါ်မှီရင်း
ပြန်ပိတ်သွားတဲ့မျက်လုံးလေးတွေ...