ပုံမှန်နေ့တွေလိုပဲမောင်နဲ့မိုးလင်းမိုးချုပ်
ချိုချိုမြိန်မြိန်လက်တွဲမဖြုတ်
ပူးပူးကပ်ကပ် ဖြက်သန်းလာခဲ့တဲ့
ရက်တွေ့နေ့တွေ.... ဒီနေ့လဲ
ဒီလိုလေးပါပဲ....မောင့်ရဲ့စကားလုံးလေးတွေ
မောင့်အသံလေးတွေ
မောင့်အကြည့် မောင့်အပြုံး
မောင့်စူးရှရှမျက်၀န်းတွေ...
ဒါတွေတင်မကဘူး...
စိတ်ဆိုးတဲ့အခါခက်ထန်သွားတဲ့
မောင့်ရဲ့မျက်နှာထားတွေ...
ကြမ်းတမ်းလွန်းတဲ့မောင့်
စကားလုံးတွေကအစ
ရူးအောင်ချစ်တယ် မောင်...မောင်နဲ့အတူတူတီဗီကြည့်ရင်း
မောင်ကတော့ဆိုဖာပေါ် ကိုကတော့
မောင့်ရဲ့ကြွက်သားအပြည့်နဲ့ပေါင်ပေါ်''မောင်... ´´
''ဗျာ... ´´
''ကိုလေ ... ကလေးလိုချင်တယ်..´´
''ဟင်... ထယ်ကလဲ ကလေးယူဖို့က
မောင်တို့ကအဆင်မှမပြေတာ ... ´´''ဖန်ပြွန်နဲ့ပဲ ဖြစ်ဖြစ်မောင်ရယ်... ´´
''အော် ထယ်ရယ် ဘာလို့အဲ့လောက်
ကလေးလိုချင်နေရတာလဲ ... ´´''ကိုကလေ မောင်နဲ့တူတဲ့ကလေးလေး
လိုချင်တာ ကိုကလေးသိပ်ချစ်တာ
မောင်ကသိရဲ့သားနဲ့ဟာကိုကွာ.... ´´နှာခေါင်းလေးကိုလှမ်းဆွဲလိုက်ရင်း
''နောက်တစ်ခေါက်မှပေါ့ထယ်ရယ်နော်
လောလောဆယ်တော့ မောင့်ကိုပဲ
၀အောင်ချစ်ပါဦးနော်... ´´''ဟင့် ကလေးကိုချစ်ချင်တာပါဆိုနေ´´
''မောင်ကကလေးလေကွာ... ´´
ခါးသေးသေးလေးကိုတင်းနေအောင်
ဆွဲပြီးမောင့်ခန္တာကိုယ်နဲ့ပူးကပ်ထားတဲ့
မောင့်လက်တွေကိုတွန်းရင်း...''ကလေးဆို ဒီလက်ကြီးဖယ်... ´´
''ဘာဆိုင်လို့လဲ .... ´´
''ဆိုင်တယ်... ´´
''ထယ်ကမောင့်ယောက်ျားလေ....
မောင့်ယောက်ျားမောင်ဆွဲတာ
မကျေနပ်ဘူးလားပြော´´ထယ်ယောင်းလဲတကယ့်ကို
မျက်စိမှေးမှေးခပ်ငြို့ငြို့ကြည့်နေတဲ့
မောင့်မျက်၀န်းတွေနဲ့လွတ်ရာသို့
မောင့်ပေါင်ပေါ်ကဆင်းကာ
ရီမောရင်းထွက်ပြေးလိုက်မိသည်...
မောင်ကလဲ ရီမုကိုချကာနောက်ကနေ
ပြုံးရီရင်းပြေးလိုက်သွားလေသည်