Part 17

7.7K 499 30
                                    

ရင်ထဲမှာတလဟောကျွမ်းလောင်နေတဲ့
ချစ်ရသူမောင်ပေးတဲ့အပူတွေ...
တစ်ကိုယ်လုံးရဲ့တစ်နေရာမကျန်လှုပ်မရအောင်
နာကျင်မှုတွေ ... သိပ်ကိုအောင့်တက်နေတဲ့
ကို့ဗိုက်ထဲကအရိုးစွဲမဲ့နာကျင်မှုတွေ...
ကိုဒါတွေကိုတသက်လုံးမေ့မှာမဟုတ်ဘူးမောင်
ပင်လယ်လိုမောင့်ကို အနွံတာခံချစ်ခဲ့ပေမဲ့
ကိုသိပ်ချစ်ရတဲ့ပင်လယ်လိုမောင်ကပဲ
ကို့ရဲ့အသက်ကိုနုတ်ယူတဲ့ထိဖြစ်စေခဲ့တာ...

ပြေးလွှားရင်းတာလမ်းမပေါ်ဒူးထောက်ကာ
သတိလစ်သွားပြီဖြစ်တဲ့သွေးသံရဲရဲနဲ့အိမ်သူရဲ့
ခေါင်းကိုရင်ခွင်ထဲပွေ့ထည့်လိုက်သည်...
သွေးသံတွေသိပ်ရဲလွန်းတဲ့ကြားထဲက
ဖြူဖျော့ဖျော့မောင့်ကြွေရုပ်လေးက
အနည်းကျဥ်းမှပင်မလှုပ်တော့ပြီမို့
လေးလံတဲ့ရင်ဘတ်ကြီးကို
မောင်ဟာသယ်လို့မနိုင်တော့ပေ

''မောင်မှားတာ မောင်ဒီလိုနည်းနဲ့
မလုပ်သင့်တာ ထယ့်ကိုအန္တရာယ်ကင်းအောင်
လုပ်ချင်ခဲ့တာ ခုတော့အန္တရာယ်တောထဲကို
မောင်ကိုယ်တိုင်တွန်းပို့မိသလိုပါပဲ....
မောင့်အမှားပါထယ်ရယ် မောင့်အမှားပါ...
ထယ့်ကိုဒီလိုဖြစ်စေချင်တာမဟုတ်ပါဘူး...
အမလေး မောင့်ရဲ့ထယ်........
ထယ်ရေ......... ''

တဂျီဂျီငိုနေလဲကြားဟန်မရတဲ့ကောင်လေးနဲ့
အရူးတစ်ပိုင်းသွေးတွေကြားကကောင်လေးကို
ပိုက်ရင်းအော်ငိုနေတဲ့ကောင်လေး...
ငယ်ရာကနေကြီးလာလေတဲ့ထိ
မျက်စိရှေ့ကတစ်ရက်ပြည့်အောင်တောင်
အပျောက်မခံခဲ့တာမို့... ထာ၀ရပျောက်ဆုံး
သွားမည်ကို ဖိမ့်ဖိမ့်တုန်အောင်ကြောက်မိသည်

ထယ့်ကိုယ်ကနေထွက်နေတဲ့
သွေးတချို့ တာလမ်းမပေါ်
ရောက်သွားတာကို မောင်သိပ်မုန်းတယ်
ထယ့်ရဲ့ခန္ဓာကို မမှိတ်မသုံကြည့်ရင်း
ပုံမှန်မဟုတ်တော့တဲ့မောင့်စိတ်၀ိဥာဥ်
ဒီလိုချစ်ရသူကိုသွေးအိုင်ထဲမှာ
မြင်ရတဲ့မြင်ကွင်းက အမေနဲ့တင်
မလုံလောက်ခဲ့ဘူးလား....
အခုလိုပုံစံတူမြင်ကွင်းကြောင့်
တရိပ်ရိပ်တက်လာတဲ့ အတိတ်က
နာကျဥ်စရာပုံရိပ်တွေ....
ဟန်ချက်မညီတော့တဲ့စိတ်မို့
၀ိုးတိုး၀ါးတားအတွေးတွေဟာလဲ
အနားပင်မညီတော့....

My young and wild husbandDonde viven las historias. Descúbrelo ahora