''ဟင် သား အစောကြီးဘယ်တုန်း... ''''coffee ဆိုင်ဘက်ပါအမေ... ''
''အရင်ဆို ၅လ ၆ လနေမှ တစ်ခါ
သွားတဲ့ဆိုင်ကိုအခုကျခဏခဏ
သွားနေပါလား ...''''အော် ... ကြိုးစားရမယ်လေ... ''
''ကြိုးစားတာကဟုတ်ပါပြီကွယ်
မိုးတောင်သေချာမလင်းသေးဘူးလေ..
သားကညနက်တဲ့ထိဘန်ဘန့်ကိစ္စတွေလဲ
လုပ်ရတယ်လေ အခုလဲအစောကြီး
ဆိုင်ကိုသွားဦးမယ်...
ကြာရင်သားအားပြက်သွားမှာပေါ့... ''Jimin ကတော့ပြုံးပြပြီးအပြင်ကို
ခပ်သုတ်သုတ်လေးထွက်လာခဲ့လိုက်သည်
ပျားအိမ်ငယ်လေးကညနေမှလာမှာပေမဲ့
တွေ့ဖို့အနည်းငယ်မှမစောင့်နိုင်တော့..............
ပြင်ဆင်ပြီးအပေါ်ထပ်ကဆင်းလာတဲ့မောင်
ကို့ဘေးနားကဖြက်သွားခါနီးမောင်က
ရုတ်တရက် ခပ်နွေးနွေးပါးလေးကို
လှမ်းနမ်းလိုက်သည်...
မျက်လုံးအ၀ိုင်းသားနဲ့အနမ်းခံလိုက်ရတဲ့
ပါးကိုကိုင်ရင်း မောင့်ကိုငေးနေမိသည်...''ထယ် မောင်သွားတော့မယ်... ''
ကြည့်နေတဲ့အကြည့်တွေများ
သိပ်ချိုမြိန်လွန်းနေတာပဲ မောင်ရယ်
မောင့်နှုတ်ခမ်းကပါးကိုနမ်းပေမဲ့
သက်ရောက်မှုကရင်ထဲအသည်းထဲထိပါပဲမောင် ...
မောင်အခုလိုပြောင်းလဲသွားတာ
ထယ်သိပ်၀မ်းသာတာပဲ...''အော် မေ့မနေနဲ့ဦးနော်
ပြင်ခိုင်းထားတာအတွက်
လူတွေခဏနေလာကြမှာ... ''ကိုကခေါင်းကိုအသာအယာငြိမ့်ပြတော့
မောင်ကအိမ်အပြင်ဘက်ကိုထွက်သွားခဲ့လေပြီ
ကိုကတော့လိုအပ်တာတွေပြေး၀ယ်ဖို့
အသင့်မို့ လက်ကိုင်ခြင်းလေးကိုင်ရင်း
အိမ်ကအကူကောင်မလေးတွေနဲ့
စျေး၀ယ်စထွက်ခဲ့သည် .....
လိုအပ်တာတွေအားလုံးသေချာ
တစ်ခုမကျန်၀ယ်ပြီးအိမ်ပြန်ရောက်တော့လဲ
အိမ်အကူတွေကြားထဲရောပြီး
ကိုနားမလည်တာလေးတွေမေးရင်း
သိပ်ကိုအချိန်အကြာကြီး
ပြင်ဆင်ထားလိုက်သည်...ကို့အ၀တ်စားတွေတောင်မလဲရသေးဘူး
သိပ်ကိုအလုပ်များနေခဲ့တာမို့ ...
အကျီပေါ်တောင်အဆီစက်တွေစင်လို့ရယ်
သိပ်မကြာဘူးအိမ်ရှေ့မှာဟွန်းတီးနေတဲ့
မောင့်ရဲ့ကား....